ကရင်ပြည်နယ်၌ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ ချောမွေ့လွယ်ကူစွာ သွားလာလည်ပတ်နိုင်ရန် စီမံဆောင်ရွက်

 

ဘားအံ    နိုဝင်ဘာ   ၂၃


ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးတက်လာသည်နှင့်အညီ   ဒေသတွင်း   ခရီးသွား လုပ်ငန်း  အရှိန်အဟုန်ဖြင့်   ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေရေး ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ၏ (၁၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက်က ပြည်နယ် အစိုးရ  အဖွဲ့ရုံးအစည်းအဝေးခန်းမ (၃) ၌  ကျင်းပ သည်။


ဦးစွာ  ကရင်ပြည်နယ်   ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ       ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သဘာဝကိုအခြေခံသည့်  ခရီးသွား လုပ်ငန်းများ၊    ခရီးစဉ်ဒေသများ  ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက်  အများအကျိုး   ဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်များ၊   စိတ်ပါဝင်စားသူများဖြင့်  စနစ်တကျ ဖွဲ့စည်းတာဝန်ပေးပြီး စိစစ်ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊    ခရီးစဉ်ဒေသများ   ဆွဲဆောင်မှုရှိစေ ရန်နှင့်  အကောင်းဆုံးဝန်ဆောင်မှုများ  ပေးနိုင်ရန်၊ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ  ချောမွေ့ လွယ်ကူစွာ သွားလာလည်ပတ်နိုင်ရန် စီမံဆောင်ရွက်       ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်   ခရီးသွားညွှန်ကြားမှုဦးစီးဌာန   ညွှန်ကြားရေးမှူး ဦးသက်လင်းနှင့်   အစည်းအဝေးတက်ရောက်လာ သူများက ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီး ချုပ်က လိုအပ်သည်များ မှာကြားသည်။


အလားတူ    ပြည်နယ်အစိုးရအဖွဲ့   အသေးစား၊  အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်းများ          ဖွံ့ဖြိုးတိုးတက်ရေး  အေဂျင်စီ၏  (၃/၂၀၂၃)  ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၂  ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌  ကျင်းပရာ ပြည်နယ်အသေးစား၊    အငယ် စားနှင့်  အလတ်စား  စီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီနာယက ပြည်နယ်ဝန်ကြီးချုပ်          တက်ရောက် အမှာစကားပြောကြားသည်။


ထို့နောက် ပြည်နယ်အသေးစား၊ အငယ်စားနှင့်   အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးက MSME လုပ်ငန်းများ  လျင်မြန်စွာ အောင်မြင်နိုင်ရန်  ဆောင်ရွက်နေသော   ကဏ္ဍခြောက်ခု၊   ပြည်တွင်း ထုတ်ကုန်အားပေးရန်၊      သွင်းကုန်အစားထိုးရန်၊    ပို့ကုန်ရရှိရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ ကို ရှင်းလင်းဆွေးနွေးသည်။


ဆက်လက်၍      အေဂျင်စီအတွင်းရေးမှူးက     ပြည်နယ်အတွင်း SME Member Card ထုတ်ပေး ထားသည့် ထုတ်လုပ်မှုကဏ္ဍမှ လုပ်ငန်းအမျိုးအစား များ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းသစ်များ ဖော်ထုတ် ပေးနိုင်မှု  အခြေအနေ၊  ချေးငွေပံ့ပိုးမှု  အခြေအနေ၊   နည်းပညာ၊   လူ့စွမ်းအားအရင်းအမြစ်များ   ဖွံ့ဖြိုး တိုးတက်ရေးနှင့်      အခြေခံ    အဆောက်အအုံများ    ထောက်ပံ့ပေးထားမှုများကို      ရှင်းလင်းဆွေးနွေး တင်ပြသည်။


ယင်းနောက်   ပြည်နယ်အဆင့်  အေဂျင်စီများနှင့်    ခရိုင်အဆင့်  MSME  ဥက္ကဋ္ဌများက  သက်ဆိုင်ရာ   ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က  တင်ပြချက်များအပေါ်  ပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။ 


စောမျိုးမင်းသိန်း(ပြန်/ဆက်)