ကရင်ပြည်နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ

ဘားအံ   ဩဂုတ်   ၂၁


ကရင်ပြည်နယ်၌     ၂၀၂၁   ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကို  ယနေ့ နံနက်ပိုင်းက       ဘားအံမြို့ လှာကမြင် ကွက်သစ်ဂေါက်ကွင်း ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ ၏   လမ်းညွှန်ချက်   စည်းမျဉ်း စည်းကမ်းများနှင့်အညီ   ကျင်းပ သည်။


သစ်ပင်စိုက်ပွဲတွင်    ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား     လွှတ်တော်    တရားသူကြီးချုပ် ဦးသိန်းကိုကို၊   ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီး များ၊    ဌာနဆိုင်ရာများ၊    ဒေသခံ ပြည်သူများက  အဖိုးတန်သစ်မျိုး များဖြစ်သော မဟော်ဂနီ၊ သင်္ကန်း၊   ခရေ၊ ပုန်းညက်၊ ပျဉ်းမ၊ မာတာ ကွတ်၊   မန်ဂျန်ရှား  အစရှိသည့် သစ်မျိုးများ  အပါအဝင်    အပင် ပေါင်း ၈၀၄ ပင်ကို စုပေါင်းစိုက်ပျိုး ခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်     မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ကရင် ပြည်နယ် ညွှန်ကြားရေးမှူးရုံး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ် ရန်ပုံငွေကျပ် ၃၃၁ ဒသမ ၃၇၃၅ သန်းဖြင့် ဆောက်လုပ်သော လှာက မြင်ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ လေးထပ်    တည်ဆောက်ခြင်း လုပ်ငန်းကို    သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တည်ဆောက် ရေးလုပ်ငန်းနှင့်      စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီး နိုင်ရေး ကြိုပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်    ဘားအံမြို့ အမှတ်(၉)ရပ်ကွက်    ကြာအင်း တောင်ခြေရှိ     ကရင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့     ဝန်ထမ်း အိမ်ရာမြေနေရာကို သွားရောက် ကြည့်ရှုပြီး    လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း  သိရ သည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)