ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုများ ကြည့်ရှုအားပေး

 

ဘားအံ   ဇူလိုင်   ၃၁


ကရင်ပြည်နယ် ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိရာ ဇူလိုင် ၃၁ ရက်   နံနက်ပိုင်းက ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ   ဦးစောမြင့်ဦးနှင့်    အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကာကွယ်ဆေးထိုးနှံပေးနေမှုများ အား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။


ထောက်ပံ့ပေးအပ်


ရှေးဦးစွာ           ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် အိန္ဒုတိုက်နယ်ဆေးရုံ တွင် အသက် ၆၅ နှစ်နှင့်အထက်ရှိ အဘိုးအဘွားများအား   လိုအပ် သည့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး    ထိုးနှံပေးနေမှု အခြေအနေများကို     ကြည့်ရှု အားပေခဲ့ပြီး   အဘိုးအဘွားများ အား အာဟာရဖြည့်စွက်စာအဖြစ် ကြက်ဥများ    ထောက်ပံ့ပေးအပ် ခဲ့သည်။

 


ထို့နောက်         ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်  အဖွဲ့သည်   ထုံးအိုင်ကျေးရွာ အခြေခံပညာ     အထက်တန်း ကျောင်း၌ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရန် လာရောက်နေကြ သည့် အသက် ၆၅ နှစ်အထက် အဘိုးအဘွားများ၊ ကာကွယ်ဆေး ထိုးနှံပေးနေမှုများ၊ ကာကွယ်ဆေး ထိုးနှံပြီး ခေတ္တစောင့်ဆိုင်းနေကြ သည့်    အဘိုးအဘွားများအား ရင်းရင်းနှီးနှီး    တွေ့ဆုံအားပေး စကားပြောကြားပြီး    အာဟာရ ဖြည့်စွက်စာ        ကြက်ဥများကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံသို့ မြန်မာ နိုင်ငံ   ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ      အသင်းချုပ်မှ ကိုယ်ခံအား       တိုးမြှင့်ပေးသော Vitamin   D3   ဆေးရည်များ ပေးအပ်လှူဒါန်းပွဲကို   ပြည်နယ် စီမံအုပ်ချုပ်ရေး      ကောင်စီရုံး   အစည်းအဝေးခန်းမ(၂)၌     ကျင်းပ သည်။

 


ပေးအပ်လှူဒါန်း


ထိုသို့   ပေးအပ်လှူဒါန်းရာ တွင်    ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက   ကျေးဇူးတင် စကားပြောကြားပြီး       မြန်မာ နိုင်ငံ          ဆောက်လုပ်ရေးဆိုင်ရာ   လုပ်ငန်းရှင်များ       အသင်းချုပ်       ပြည်နယ်အသင်းဥက္ကဋ္ဌ   ဦးစော လင်းဘိုဘိုနှင့် တာဝန်ရှိသူများက Vitamin   D3  ဆေးရည်များ ပေးအပ်လှူဒါန်းရာ    ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ    ချီးမြှင့် ပေးအပ်သည်။

 


ကရင်ပြည်နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ၏ (၁၄ /၂၀၂၁)ကြိမ်မြောက်   လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၃၀ ရက် က       ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး  အစည်းအဝေးခန်းမ (၁) ၌   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  ကျင်းပရာ ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်       အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ    ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌက ကာကွယ်ဆေးထိုးစာရင်းများကို သက်ဆိုင်ရာ  မြို့နယ်တုံ့ပြန်ရေး ကော်မတီများသို့ ပေးပို့ကြရန်နှင့်  စေတနာ့ဝန်ထမ်းများကိုလည်း ဦးစားပေးစာရင်းတွင်    ထည့်သွင်း ထိုးနှံပေးကြရမည်  ဖြစ်ကြောင်း၊ ဦးစားပေးအုပ်စုအလိုက်  ကိုဗစ် ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ  အချိန်မီထိုးနှံပေးနိုင် ရေး   ဝိုင်းဝန်းကြပ်မတ်ပေးရန်လို ကြောင်း ပြောသည်။

 


ဆွေးနွေးတင်ပြ


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော   အရှေ့ တောင်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး၊     ကော်မတီအတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊     ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊   လူမှုကူညီရေး အသင်းအဖွဲ့များက   ကိုဗစ်-၁၉ ကာကွယ်ဆေး    ထိုးနှံပေးနေမှု အခြေအနေ၊    ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ  ဆောင်ရွက်ပေးနေ မှုအခြေအနေများကို    ဆွေးနွေး တင်ပြကြရာ       ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း   သိရ သည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)