
ဘားအံ မေ ၉
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော် အရာရှိများနှင့်အတူ မေ ၈ ရက် နံနက်ပိုင်းက ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသနှင့် ဖာပွန်ခရိုင် ကမမောင်းမြို့သို့ ရောက်ရှိ နေသော ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ဆီ၊ပဲ၊ရိက္ခာပစ္စည်းများနှင့် ကျောင်းသား ကျောင်းသူများ အတွက် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ သွားရောက် ထောက်ပံ့ပေးအပ်သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ မြိုင်ကြီးငူအထူးဒေသသို့ ရောက်ရှိ နေသော ယာယီတိုက်ပွဲရှောင် ပြည်သူများအား စားနပ်ရိက္ခာ ပစ္စည်းများ ထောက်ပံ့ပေးအပ် သည့် အခမ်းအနားကို မြိုင်ကြီးငူ အေးလင်းသာယာ ကျောက်စာ ကွင်း၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်က ယာယီတိုက်ပွဲ ရှောင် ပြည်သူများအား အားပေး စကားများပြောကြားပြီး အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ တိုင်းမှူး၊ နယ်မြေခံ တပ်မတော်အရာရှိများနှင့်အတူ အိမ်ထောင်စု ၄၃၂ စု၊ လူဦးရေ ၂၀၈၉ ဦးအတွက် ငွေကျပ် ၃၁၃၈၈၂၅၀ တန်ဖိုးရှိ ဆန် ၅၂၂ အိတ်နှင့် ခြောက်ပြည်၊ ဆီ ၂၁၆ ပိဿာ၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ထောက်ပံ့သော ငွေကျပ် ၁၉၂၁၈၈၀ တန်ဖိုးရှိ အာလူး၊ ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခေါက်ဆွဲခြောက်နှင့် ကျောင်းသား ကျောင်းသူများ အတွက် ကျောင်းဝတ်စုံ၊ ကျောင်း သုံး ဗလာစာအုပ်များ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန လှိုင်းဘွဲမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့် (၂) ဖြင့် ယာယီတိုက်ပွဲရှောင် ပြည်သူများ အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ သော အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ပေးအပ်သည့် အခမ်းအနား ကို ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်က နိုင်ငံသားစိစစ်ရေး ကတ်ပြား၏ အသုံးဝင်ပုံများကို ရှင်းလင်းပြောကြားပြီး အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော် အရာရှိများနှင့်အတူ One Stop Service စနစ်ဖြင့် အခမဲ့ကွင်းဆင်း ဆောင်ရွက်ပြီးစီးသော နိုင်ငံသား စိစစ်ရေးကတ်ပြား ၁၅၁ ကတ် အား ပြည်သူ့လက်ဝယ်အရောက် ပေးအပ်သည်။
ဆက်လက်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ယာယီတိုက်ပွဲရှောင် ပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာ ပစ္စည်းများနှင့် ကျောင်းဝတ်စုံ၊ စာရေးကိရိယာများ ထောက်ပံ့ ပေးအပ်သည့် အခမ်းအနားကို ဆွေမြတ်မျိုးကြွယ် ပရိယတ္တိစာသင် တိုက် ဓမ္မာရုံ၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က ယာယီတိုက်ပွဲ ရှောင် ပြည်သူများအား အားပေး စကားများပြောကြားပြီး ယာယီ တိုက်ပွဲရှောင် အိမ်ထောင်စု ၇၇၈ စု၊ လူဦးရေ ၃၃၃၃ ဦးအတွက် ငွေ ကျပ် ၅၀၄၁၂၇၅၀ တန်ဖိုးရှိ ဆန် ၈၃၃ အိတ် ခြောက်ပြည်၊ ဆီ ၃၈၉ ပိဿာ၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထောက်ပံ့သော ငွေကျပ် ၃၀၆၆၃၆၀ တန်ဖိုးရှိ အာလူး၊ ကုလားပဲ၊ ကြက်သွန်၊ ခေါက်ဆွဲ ခြောက်နှင့် ကျောင်းသား ကျောင်း သူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)