ကရင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်အစာအိတ်များထောက်ပံ့

 

ဘားအံ စက်တင်ဘာ ၆


ကရင်ပြည်နယ်အတွင်း  ဇူလိုင်လနောက်ဆုံးပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်   မြစ်ရေချောင်းရေ များ မြင့်တက်လာပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ကာ ကျွဲ၊နွားတိရစ္ဆာန်များ၏ စားကျက်၊ အစာစိုက်ခင်း နှင့် သိုလှောင်ထားသော အစာများ ရေလွှမ်းခဲ့သည့် အတွက် သဘာဝဘေးဒဏ်သင့်ဒေသများမှ တိရစ္ဆာန် များ လိုအပ်သည့်အစာအာဟာရ    ဖြည့်တင်းနိုင်ရန် တိရစ္ဆာန်အစာအိတ် ၃၀၀ ကို စက်တင်ဘာ ၅ ရက်က ဘားအံမြို့    ဇွဲကပင်ခန်းမ၌    တောင်သူများထံ ထောက်ပံ့ပေးအပ်သည်။


    အဆိုပါ အစာအိတ်များကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၆၃ ဒသမ ၅ သိန်းဖြင့် ဝယ်ယူထောက်ပံ့ပေးခြင်းဖြစ်ပြီး   ထောက်ပံ့ပေးအပ် ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီမြို့နယ်များရှိ ကျေးရွာအုပ်စုများအတွက် ကျွဲ၊ နွား    အစာနုအိတ် ပေါင်း ၃၀၀ ကို ထောက်ပံ့ပေးမည်ဖြစ်ပြီး တိရစ္ဆာန် များအတွက် လိုအပ်သောကျန်းမာရေးစောင့်ရှောက် မှုများ  ဆောင်ရွက်နိုင်ရန် မွေးမြူရေးနှင့်   ကုသရေး ဦးစီးဌာနမှ အားဆေးနှင့်ကုသဆေး ၁၃ မျိုးပါ အတွဲ ပေါင်း ၉၁ ခုကို ပေးအပ်ထားပြီးဖြစ်ကာ    ဘေးသင့် ဒေသများသို့ သွားရောက်၍   တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို   ဆောင်ရွက်ပေးခဲ့ ကြောင်း၊ မွေးမြူသူများအနေဖြင့်    ရရှိလာသည့် တိရစ္ဆာန်အစာများကို အလေအလွင့်မရှိစေရန် စနစ် တကျအသုံးပြုပေးကြစေလိုကြောင်း    ပြောကြား သည်။


    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊   ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ဘားအံမြို့နယ်ရှိ  ကျေးရွာ အုပ်စု ရှစ်အုပ်စုအတွက် ကျွဲ၊ နွား အစာနုအိတ် ၁၆၀၊ လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာအုပ်စု လေးအုပ်စုအတွက် ကျွဲ၊ နွားအစာနုအိတ် ၆၀၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာအုပ်စု လေးအုပ်စုအတွက် အစာနုအိတ် ၄၀၊ မြဝတီမြို့နယ်ရှိ ကျေးရွာအုပ်စုနှစ်စုအတွက် အစာနု အိတ် ၄၀ တို့ကို     မွေးမြူရေးတောင်သူများထံ ထောက်ပံ့ပေးအပ်ကြောင်း  သိရသည်။                     


စောမျိုးမင်းသိန်း(ပြန်/ဆက်)