ကရင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ

 

ဘားအံ   ဩဂုတ်   ၁၆


ကရင်ပြည်နယ်     ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ကရင်ပြည်နယ် အတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝ စွာရရှိနိုင်ရေးအတွက်  ဒေသတွင်း အမေရိကန်ဒေါ်လာ  သန်းပေါင်း ၁၀၀ ခန့် ရင်းနှီးမြှုပ်နှံ၍   လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး  လုပ်ငန်း လုပ်ကိုင်      ဆောင်ရွက်လိုသည့် True World Co.,Ltd အား ဩဂုတ် ၁၆ ရက်   နံနက် ၁၁ နာရီခန့်က ကရင်ပြည်နယ်    အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌      လက်ခံတွေ့ဆုံ သည်။

 


ထိုသို့  တွေ့ဆုံရာတွင် True World Co.,Ltd ၏   မန်နေးဂျင်း ဒါရိုက်တာ     ဦးစိုးဇေယျာက လှိုင်းဘွဲမြို့နယ် ရေဘုတ်ရေလှောင် တမံတွင်         ရေပေါ်စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်  မည့်     လျှပ်စစ်ဓာတ်အားထုတ် လုပ်ခြင်း     တိုးတက်လုပ်ဆောင် နေမှုအခြေအနေ၊    မူလတင်ပြ ထားသော     ရေဘုတ်ရေလှောင် တမံ၌   လျှပ်စစ်ဓာတ်အား  ၅၀ မဂ္ဂါဝပ်အပြင်   အခြားသင့်လျော် သော   နေရာတစ်ခု၌  ကုန်းပေါ် စနစ်  မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်နိုင် ရေး   ညှိနှိုင်းပြင်ဆင်  ဆောင်ရွက် ထားမှု       အခြေအနေများကို ရှင်းလင်းတင်ပြရာ     ပြည်နယ် ဝန်ကြီးချုပ်က  သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့်   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး     အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက် ရန်    မှာကြားခဲ့ကြောင်း    သိရသည်။


 စောမျိုးမင်းသိန်း(ပြန်/ဆက်)