
သံတောင်ကြီး စက်တင်ဘာ ၂၆
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်လျက်ရှိသော ဆေးရုံသုံးပစ္စည်းများဖြစ်သည့် Vacuum Machine စက်၊ Baby Warmer စက်နှင့် လိပ်သိုမြို့ တိုက်နယ်ဆေးရုံအတွက် ၅ ကေဗွီအေ မီးစက်တစ်လုံးကို ပြည်နယ် အစိုးရအဖွဲ့က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်ထံမှတစ်ဆင့် မြို့နယ်ဆရာဝန် ဒေါက်တာကျော်ကျော်လင်းထံ စက်တင်ဘာ ၂၅ ရက်က ပေးအပ်လှူဒါန်းသည်။
သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံ တွင် Vacuum Machine စက်ရှိလာသဖြင့် စက်နှင့် ကလေးများဆွဲထုတ်မွေးပေးနိုင် သည်သာမက ဓမ္မတာအတိုင်းမွေးဖွားပေးနိုင်ခြင်း၊ မိခင်နှင့်ကလေး အန္တရာယ် ကျရောက်နိုင်မှု နည်းပါးခြင်း၊ လူသက်သာ ခြင်း၊ ကလေးကိုဆွဲမထုတ်နိုင်၍ ခွဲစိတ် မွေးဖွားရမည်ဆိုပါက ငွေကုန်ကြေးကျ များ ခြင်း၊ လူပို၍ပင်ပန်းခြင်း၊ အသက်အန္တရာယ် ထိခိုက်မှုများခြင်း စသည်တို့မှ ရှောင်လွှဲနိုင် ခြင်း စသည့် အကျိုးကျေးဇူးများ ရှိမည်ဖြစ် သလို Baby Warmer စက်ကြောင့် မွေးကင်းစ ကလေးများ၏ ကိုယ်အပူချိန် လျော့ကျတတ် မှုကို ကာကွယ်နိုင်ခြင်း၊ သေဆုံးနိုင်ခြေကို လျှော့ချနိုင်ခြင်း၊ မွေးကင်းစကလေးများ၏ ပုံမှန်ကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေကြောင်း မြို့နယ်ဆရာဝန်က ပြောသည်။
မြို့နယ်
(ပြန်/ဆက်)