
ဘားအံ မတ် ၂
လယ်ယာသားငါးကဏ္ဍ စိုက်ပျိုးမွေးမြူသူတောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မား ရေးကို အလေးထား ကြိုးပမ်းဆောင်ရွက်သော အားဖြင့် ကရင်ပြည်နယ်အတွင်း လယ်ယာစီးပွား လုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး ထူးချွန်တောင်သူ လယ်သမားများအား မတ် ၂ ရက် နံနက် ၈ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် အကြိမ် (၆၀) မြောက် တောင်သူလယ်သမားနေ့အခမ်းအနား တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
သဝဏ်လွှာဖတ်ကြား
အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီး ချုပ် ဦးစောမြင့်ဦးနှင့် ဇနီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ အမှတ် (၂၂) ခြေလျင်တပ်မဌာနချုပ် ဒုတိယတပ်မမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံ ရေးပါတီများ၊ လယ်ယာ စီးပွားလုပ်ငန်းနှင့် စိုက်ပျိုး မွေးမြူသူ တောင်သူလယ်သမားများ၊ ထူးချွန် တောင်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖတ်ကြားသည်။
ဂုဏ်ပြုဆုများချီးမြှင့်
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်တို့က ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ လယ်ယာစီးပွားလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး ထူးချွန်တောင်သူ ၁၂ ဦးတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရ အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာ သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကရင်ပြည်နယ်အစိုးရ အဖွဲ့၏ တောင်သူလယ်သမားများကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ခင်းကျင်းပြသထားသော တောင်သူအသိပညာပေး ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ ကာ အခမ်းအနားသို့ တက်ရောက်လာသူများအား နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)