ကရင်ပြည်နယ်အစိုးရအဖွဲ့က KNU/KNLA(PC)ဌာနချုပ် ထို့ကော်ကိုးဒေသရှိ  ကျောင်းသား ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့

 

 

ဘားအံ   ဇွန်   ၇
ပညာရေးဝန်ကြီးဌာနမှ  ထောက်ပံ့ သည့်   ပုံနှိပ်စာအုပ်နှင့် ကျောင်း သုံးဗလာစာအုပ်များကို    ကရင် ပြည်နယ်အစိုးရအဖွဲ့က    KNU/KNLA(PC) ဌာနချုပ်  ထို့ကော်ကိုး ဒေသရှိ  ကျောင်းသား ကျောင်းသူ များအတွက်       ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံး      ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည့်   အခမ်း အနားကို    ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ(၂)၌ ကျင်းပသည်။
အခမ်းအနားတွင်     ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က   ငြိမ်းချမ်းရေး   ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့်     အနာဂတ်၏ ရင်သွေးငယ်များ   ပညာရေးတို့နှင့် ပတ်သက်၍   အမှာစကား   ပြော ကြားသည်။   
ထို့နောက်   KNU/KNLA(PC)ဌာနချုပ်      ထို့ကော်ကိုးနှင့် ပတ်ဝန်းကျင်ဒေသရှိ     အခြေခံ ပညာ       စာသင်ကျောင်းများမှ ကျောင်းသား    ကျောင်းသူများ အတွက်    ပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံး ဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ရာ     ကရင် အမျိုးသား အစည်းအရုံး / ကရင် အမျိုးသား    လွတ်မြောက်ရေး တပ်မတော်      (ငြိမ်းချမ်းရေး ကောင်စီ)KNU/KNLA(PC) ဒုတိယ ဥက္ကဋ္ဌ  ဒေါက်တာနော်ကပေါ်ထူး က   လက်ခံရယူ၍  ကျေးဇူးတင် စကား      ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က    နိဂုံး ချုပ် အမှာစကားပြောကြားသည်။
ယနေ့တွင်    ကျောင်းသား ကျောင်းသူများအား   ဗလာစာအုပ် ဒါဇင် ၁၅၀၀ နှင့်   KG   တန်းမှ Grade -10 အထိ  ကျောင်းသုံးပုံနှိပ် စာအုပ် ၅၃၀၃ စုံတို့ကို    ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။ 
သတင်းစဉ်