
ဘားအံ အောက်တိုဘာ ၃
ကရင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးဖွင့်လှစ်သော အရန်သားဖွား ခြောက်လသင်တန်းနှင့် လူထု ကျန်းမာရေးလုပ်သား တစ်လ သင်တန်းဆင်းပွဲကို အောက်တို ဘာ ၃ ရက် နံနက်ပိုင်းက လှိုင်းဘွဲ မြို့နယ် ပြည်သူ့ဆေးရုံ၌ ကျင်းပ သည်။
သင်တန်းဆင်းပွဲတွင် ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က ကိုယ်ဝန်ဆောင်မိခင်တိုင်း ကိုယ်ဝန်စောင့်ရှောက်မှု ခံယူရန်၊ ကျွမ်းကျင်သူနှင့် မွေးဖွားခြင်းတို့ သည် မိခင်နှင့်ကလေးကျန်းမာရေး အတွက် အရေးကြီးဆုံးအခြေခံ အချက်များဖြစ်ရာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် နေကြသော အခြေခံကျန်းမာရေး ဝန်ထမ်းများနှင့် ပြည်သူလူထု ကြား ပေါင်းကူးတံတားသဖွယ် ဆက်သွယ်ဆောင်ရွက်ပေးရန်မှာ အရန်သားဖွားနှင့် လူထုကျန်းမာ ရေးလုပ်သားတို့၏ ပဓာနအကျဆုံး တာဝန်ဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပို့ချပေးခဲ့သည့် ကျွမ်းကျင် မှုဆိုင်ရာအကြောင်းအရာအချက် အလက်များသည် ပဏာမကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့်မိခင်နှင့်ကလေးနှစ်ဦးစလုံး၏ ကျန်းမာရေးအတွက် အလွန် အရေးကြီးသော အချက်အလက် များဖြစ်သကဲ့သို့ မိမိရပ်ရွာဒေသ သို့ ပြန်လည်ရောက်ချိန်တွင်လည်း ပြည်သူလူထုတစ်ရပ်လုံးအတွက် လွန်စွာ အရေးပါလှသည်ဖြစ်ရာ စေတနာဖြင့် ကြိုးစားလုပ်ဆောင် ပေးကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်သည် အရန်သားဖွား ခြောက်လ သင်တန်း သင်တန်းထူးချွန်ဆုရရှိ သူများကို ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ပြီး သင်တန်းသူ များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများ ပြောကြားသည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံကြီး တွင် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေ အနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြား ပြီး အာဟာရဖြည့်စွက်အစား အစာများ ထောက်ပံ့ပေးအပ် ကာ အဆိုပါဆေးရုံတွင် တာဝန် ထမ်းဆောင်နေကြသော ဆေးရုံ အုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်း များအတွက် အထွေထွေအသုံး စရိတ်ငွေကျပ် သုံးသိန်း နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၆ ဒသမ ၈၄၀ သန်းဖြင့် ဖာပွန် ကျေးရွာ ရေရရှိရေးလုပ်ငန်း အိမ်ခြေ ၂၇၅ အိမ်အကျိုးပြုမည့် လေးလက်မ စက်ရေတွင်း၊ ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်၊ (350 W) ဆိုလာရေတင်စနစ် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)