
ဘားအံ မေ ၂၄
ကရင်ပြည်နယ် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို မေ ၂၄ ရက် နံနက် ၁၀ နာရီက ကရင်ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
ဝိုင်းဝန်းပူးပေါင်း
အစည်းအဝေးတွင် ကရင် ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့် ဦးက လယ်ယာကဏ္ဍထုတ်ကုန် တိုးတက်မြင့်မားနိုင်ရေးအတွက် ကရင်ပြည်နယ်အတွင်း စိုက်ပျိုး မွေးမြူရေး အသင်းအဖွဲ့များ ဖွဲ့စည်းထားရှိပြီး တောင်သူ လယ်သမား အခွင့်အရေးကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်နိုင် ရေးအတွက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့များကိုလည်း ဖွဲ့စည်းပေးထား ပါကြောင်း၊ တောင်သူလယ်သမားများ ရသင့် ရထိုက်သည့် အခွင့်အရေးများ ထိခိုက်နစ်နာမှု မရှိစေရေးနှင့် အကျိုးစီးပွား မြှင့်တင်ပေးနိုင်ရေး အတွက် မိမိဌာနနှင့် သက်ဆိုင် သည့် ကဏ္ဍမှနေ၍ မည်သို့ဆောင် ရွက်ပေးနိုင်သည်ကို ယခုအစည်း အဝေးတွင် ဆွေးနွေးတင်ပြပေး ကြစေလိုကြောင်း၊ မကြာမီကာလ တွင် မိုးဦးရာသီသို့ ရောက်ရှိတော့ မည်ဖြစ်သည့်အတွက် စိုက်ပျိုး ရေးလုပ်ကိုင်နေသည့် တောင်သူ လယ်သမားများအား အကျိုး စီးပွားမြှင့်တင်ပေးနိုင်ရေး ဝိုင်းဝန်း ပူးပေါင်း ဆွေးနွေးပေးကြစေလို ကြောင်း၊ စိုက်ပျိုးမွေးမြူရေး တောင်သူများ ချေးငွေရရှိနိုင်ရေး၊ နည်းပညာရရှိရေး၊ ထုတ်လုပ်မှု တိုးတက်ရေး၊ သွင်းအားစုများ ရရှိ နိုင်ရေး အစရှိသည့်လိုအပ်ချက် များကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး နှင့် လယ်ယာထွက်ကုန်များကို သင့်တင့်သည့် ဈေးနှုန်းဖြင့် ဈေးကွက် ရရှိမြှင့်တင်နိုင်ရေး၊ လုပ်ကွက်ငယ် တောင်သူများ၏ အခွင့်အရေးများ ကာကွယ်ပေး နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မည်သို့ကူညီ ဆောင်ရွက်ပေးရမည်ကို ဆွေးနွေး တင်ပြ ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြကြ
ထို့နောက် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ စီးပွားရေးရာဝန်ကြီး ဦးစောခင် မောင်မြင့်တို့က ဒေသတွင်းစိုက်ပျိုး မွေးမြူရေး တောင်သူလယ်သမား များ၏ အခွင့်အရေးကာကွယ်ရေး နှင့် အကျိုးစီးပွား မြှင့်တင်ရေး ဆိုင်ရာများအား ရှင်းလင်းတင်ပြ ကြပြီး ကော်မတီဝင် ပြည်နယ် အဆင့် ဌာနဆိုင်ရာများ၊ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက် လာသော ခရိုင်၊ မြို့နယ်အုပ်ချုပ် ရေးမှူးများက သက်ဆိုင်ရာကဏ္ဍ အလိုက် တောင်သူလယ်သမား များနှင့် နှီးနွှယ်ပတ်သက်သည့် အရေးကိစ္စများအား ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)