ကရင်ပြည်နယ် ကျုံဒိုး-ကော့ကရိတ်လမ်းပေါ်၌ ယာဉ်စစ်ဆေးရေးဂိတ်တည်ဆောက်

 

ဘားအံ စက်တင်ဘာ ၄


ကရင်ပြည်နယ်    ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ  စက်တင်ဘာ   ၃   ရက်    နံနက်ပိုင်းက   ကျုံဒိုး-ကော့ကရိတ်လမ်းပေါ်ရှိ   ယာဉ် စစ်ဆေးရေးဂိတ် ဆောက်လုပ်နေ မှုနှင့် ထီလုံ-တာပေါင်-ပတ-နဘူး ကားလမ်းပေါ်ရှိ  တံတားများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ   ပြည်နယ်ဝန်ကြီး ချုပ်သည်   ကော့ကရိတ်မြို့နယ် တံတားကျိုးကျေးရွာ   ကျုံဒိုး-ကော့ကရိတ်လမ်းပေါ်ရှိ    ယာဉ် စစ်ဆေးရေးဂိတ် ဆောက်လုပ် နေမှုအား    သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်လမ်းဦးစီးမှူး ဦးနန်းမြင့်အောင်နှင့် တာဝန်ရှိသူ များက   အဆောက်အအုံနေရာ ချထားမှုနှင့် ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို     ရှင်းလင်း တင်ပြကြပြီး    ပြည်နယ်ဝန်ကြီး ချုပ်က လိုအပ်သည်များ လမ်းညွှန် မှာကြားကာ ယာဉ်စစ်စင်၊ ဂိုဒေါင်၊ ရုံးအဆောက်အအုံ၊    ဝန်ထမ်း အိမ်ရာ၊   ကင်းတဲ၊  ရေချိုးကန်၊ သန့်စင်ခန်း အဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား        လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်သည် ထီလုံ-တာပေါင်-ပတ-နဘူးလမ်းပေါ်ရှိ  နဘူးရွာအဝင် ကွန်ကရစ်တံတား ဆောက်လုပ် နေမှု၊      မြပတိုင်တံတား၊  သရက် တောတံတားနှင့်    ပတတံတား   ပေ  ၃၀၀    သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း  လုပ်ငန်းများ အား     ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်နယ်  လမ်းဦးစီးဌာနမှူးနှင့်    တာဝန်ရှိသူများက   တံတားများ တည်ဆောက်နေမှုနှင့် စပ်လျဉ်း ၍        ရှင်းလင်းတင်ပြကြပြီး        ပြည်နယ်ဝန်ကြီးချုပ်က     အဆိုပါ တံတားများ      သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ    အချိန်မီ ပြီးစီးနိုင်ရေး      လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။


ခရိုင်
(ပြန်/ဆက်