
ကမမောင်း စက်တင်ဘာ ၅
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက ဖာပွန်ခရိုင် ကမမောင်းမြို့ ဆွေမြတ်မျိုးကြွယ်ပရိယတ္တိစာသင် တိုက်၌ ခေတ္တတိမ်းရှောင်ရောက်ရှိနေသော နေရပ် စွန့်ခွာသူများအား အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ် ခဲ့သည်။
ထို့နောက် ဖာပွန်မြို့နှင့် ကမမောင်းမြို့ရှိ ကျေးရွာ အချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် အတွက် ဆွေမြတ်မျိုးကြွယ် ပရိယတ္တိစာသင်တိုက် သီရိသုခဓမ္မာရုံသို့ ခေတ္တတိမ်းရှောင်ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားပြီး နေရပ်စွန့်ခွာ အိမ်ထောင်စု ၁၅၀ အတွက် ဆန်၊ ဆီ အစရှိသော အခြေခံစားသောက် ကုန်များ၊ ရေသန့်စင်ဆေးထုပ်များနှင့် လူသုံးကုန် ပစ္စည်း Family Kit များကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး ကြပြီး ကာကွယ်ဆေးထိုးနှံပေးကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteer များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ကမမောင်းမြို့ အမှတ်(၅)အခြေခံပညာမူလ တန်းကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေး ကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ဝယ် အရောက် ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကမမောင်းမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူ များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ပြီး ဒေသခံပြည်သူများအား ကုသရေးလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေသော ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကမမောင်းမြို့ ကိုဗစ်-၁၉ ကုသရေးစင်တာသို့ သွားရောက်ပြီး လူနာများအား အားပေးစကား ပြောကြားကာ ကုသရေးလုပ်ငန်းများဆောင်ရွက်ပေး နေသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် နှစ်သိန်း နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ကမမောင်းမြို့ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသော လူမှုရေးပင်စင်ထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား ပြီး အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၁၇၁ ဦး အတွက် ထောက်ပံ့ငွေကျပ် ၅၁၃၀၀၀၀ ကို မြို့ အုပ်ချုပ်ရေးမှူးထံ ပေးအပ်ကာ အခမ်းအနားသို့ တက်ရောက်လာသော ဘိုးဘွားများအား လူမှုရေး ပင်စင် သုံးသောင်းကျပ်နှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကိုးနဝင်းဘုန်းကြီးကျောင်းဆရာတော် ဘဒ္ဒန္တကုသလ အား ဖူးမြော်ကြည်ညိုပြီး ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေ များ ဆက်ကပ်လှူဒါန်းကာ အဆိုပါ ဘုန်းကြီးကျောင်း တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံစက်ချုပ် သင်တန်း၊ ကွန်ပျူတာသင်တန်း၊ အခြေခံသူနာပြုနှင့် ရှေးဦးသူနာပြုစုခြင်းသင်တန်းနှင့် ကျောင်းသားများ က ဖယောင်းတိုင်ထုတ်လုပ်နေမှုတို့ကို ကြည့်ရှု အားပေးပြီး သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများအတွက် ဂုဏ်ပြုထောက်ပံငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)