ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၁၂/၂၀၂၁) လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ဘားအံ    ဇူလိုင်    ၂၈


ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေး ပေါ် တုံ့ပြန်ရေးကော်မတီ၏ (၁၂/၂၀၂၁)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ဇူလိုင်  ၂၇ ရက် နံနက်ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

ကာကွယ်ဆေးသစ်များ ရောက်ရှိမည်


အစည်းအဝေးတွင် ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ    ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ ဦးစောမြင့်ဦးက ကိုဗစ်-၁၉ ကာကွယ်ဆေးလက်ကျန် များကို    အမြန်ဆုံးထိုးနှံပေးသွားရန်နှင့်     မကြာမီ ကာကွယ်ဆေးသစ်များ ရောက်ရှိလာမည်ဖြစ်သည့် အတွက် ဦးစားပေးအလိုက်  ထိုးနှံရမည့်စာရင်းများကို မြေပြင်စာရင်းနှင့်ကိုက်ညီအောင် ပြုစုတင်ပြပေးစေ လိုကြောင်း၊ ရရှိလာမည့် ကာကွယ်ဆေးသစ်များကို  မြို့နယ်အလိုက် ခွဲဝေပေးသွားမည်ဖြစ်ပြီး ဦးစားပေး အလိုက် သတ်မှတ်အချိန်အတွင်း ပြီးစီးအောင် ထိုးနှံ ပေးရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကုသရေးအတွက် သာမက ရေဘေးအတွက်ပါ လိုအပ်လာမည်ဖြစ်သည့် အတွက်    စေတနာ့ဝန်ထမ်းများကို   ထပ်မံစည်းရုံး ဆောင်ရွက်ပေးကြဖို့လိုမည်ဖြစ်ကြောင်း၊ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြှင့်တက်မှုအား   စီမံခန့်ခွဲရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ပေး စေလိုကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်  မြို့နယ်များမှလိုအပ်ပါက တပ်မတော်တပ်ရင်းတပ်ဖွဲ့ များတွင် အကူအညီတောင်းခံနိုင်ကြောင်း၊ သားဖွား သူနာပြုသင်တန်းသူများနှင့်လည်း ချိတ်ဆက်အကူ အညီတောင်းခံနိုင်ကြောင်း၊     ကာကွယ်ဆေးထိုး ရခြင်း၏ အကြောင်းအရင်းကို နားလည်သဘော ပေါက်အောင်  ကျယ်ကျယ်ပြန့်ပြန့်  အသိပညာပေးစေ လိုကြောင်း ပြောကြားသည်။

 


ဆွေးနွေးတင်ပြ


ထို့နောက် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ     တွဲဖက်အတွင်း ရေးမှူးနှင့်အဖွဲ့ဝင်များက နှစ်နိုင်ငံညှိနှိုင်း၍ ပြန်လည် ဝင်ရောက်လာကြမည့် နေရပ်ပြန်ပြည်သူများအား ကြိုဆိုလက်ခံပေးသွားနိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်    စပ်လျဉ်း၍     အောက်ခြေတွင် များများပြော၊ မြန်မြန်လုပ်၍ ထိရောက်စွာဆောင် ရွက်နိုင်ရေး၊    ပြည်နယ်တွင်      ဖွဲ့စည်းထားသည့် အထောက်အကူပြုလုပ်ငန်းကော်မတီနည်းတူ ခရိုင်၊ မြို့နယ်များတွင်လည်း       တာဝန်ရှိသည်ဟူသည့် အသိစိတ်ဖြင့် ပူးပေါင်းပါဝင်လာကြစေရန် ဖွဲ့စည်း ထားနိုင်ရေး၊    အောက်ဆီဂျင်ရရှိမှု၊     လိုအပ်မှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု၊ ရေဘေးနှင့် မြို့နယ် အချို့တွင်   ကူညီကယ်ဆယ်ရေးလုပ်ငန်း   ဆောင် ရွက်ပေးနေမှု  အခြေအနေများကို ဆွေးနွေးတင်ပြ ကြရာ   ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ ဦးစောမြင့်ဦးက   ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)