ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့၌ အခြေခံစားကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ၊ မော်တော်ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲလျက်ရှိ

 

နေပြည်တော်    စက်တင်ဘာ   ၂၂


တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အသက် အိုးအိမ်၊ စည်းစိမ်တို့ကို   လုံခြုံမှုအပြည့်အဝ ရရှိစေရေး   လိုအပ်သည့်   လုံခြုံရေးလုပ်ငန်း များကို  စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့   ပြည်သူလူထု၏   စားဝတ်နေရေး သက်သာချောင်လည်မှုရှိစေရန်လည်း  ဆောင် ရွက်ပေးလျက်ရှိသည်။ 


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ တွင် ကရင်ပြည်နယ်  ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ရှိ   ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူလူထုများ  သက်သာချောင်ချိစွာ ဖြင့်   အခြေခံစားကုန်များ   ဝယ်ယူစားသုံးနိုင် ရေးအတွက် နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိသူများက    ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထားများဖြင့် ရောင်းချပေး ခဲ့ရာ စားရေးကို   အထောက်အကူဖြစ်စေခဲ့ ကြောင်း သိရှိရသည်။ 


ထို့ပြင် ကြာအင်းဆိပ်ကြီးမြို့၊  သံဖြူဇရပ် မြို့နှင့် ကော့ကရိတ်မြို့တို့မှ  ဘုရားသုံးဆူမြို့သို့ ပြေးဆွဲနေသည့်       မော်တော်ယာဉ်လိုင်းများ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊     ခရီးသွား မော်တော်ယာဉ်များမှာလည်း    ပုံမှန်ပြေးဆွဲ လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်