ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်များရန်ကုန်)၏ (၈၅)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် မိတ်ဆုံပွဲကျင်းပ

 

ရန်ကုန် ဒီဇင်ဘာ ၂၂
ကရင်စာပေနှင့်     ယဉ်ကျေးမှု ကော်မတီ     (တက္ကသိုလ်များ ရန်ကုန်)၏  (၈၅)  ကြိမ်မြောက် ကရင်အမျိုးသား  နှစ်သစ်ကူးနေ့ အထိမ်းအမှတ်  မိတ်ဆုံပွဲအခမ်း အနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်  Recreation Center(RC) ခန်းမဆောင်၌ကျင်းပ ရာ    တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်၊   ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခ ချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်များမှ ဆရာ ဆရာမ များ၊ ကရင်မောင်မယ်  ကျောင်း သား ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ   ပဲခူးရိုးမတောင်ပေါ် ကရင်ရိုးရာ   အိုးစည်အကဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။ 
ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးက     မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း  ၁၃၀ ကျော်  စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စု   နိုင်ငံတော်ကြီး ဖြစ်ပါကြောင်း၊ ကရင်လူမျိုးများ အနေဖြင့်   ဘာသာကွဲပြားပါစေ၊ မျိုးနွယ်စုများမခွဲခြားဘဲ အဓိက မိမိတို့လူမျိုး၏ အကျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်    ဝိုင်းဝန်း ဆောင်ရွက်ကြရမည်      ဖြစ်ပါ ကြောင်း၊ ပညာရေးနှင့်ပတ်သက် ပြီး သားသမီးများကို ပညာအမွေ ပေးရန် လိုပါကြောင်း၊  စာပေပျောက် လျှင် လူမျိုးပါပျောက်မည်ဖြစ်ပါ ကြောင်း၊ မိမိတို့ကရင်လူမျိုးနှင့်  ကျန်တိုင်းရင်းသားမျိုးနွယ်စုများပါ  ကမ္ဘာတည်သရွေ့  တည်ရှိနိုင် ရေးမှာ မွေးရာပါသမိုင်းပေးတာဝန် ပင်ဖြစ်သည်ကို မမေ့ကြရန်လိုပါ ကြောင်း၊ မိမိတို့လူမျိုး စည်းလုံးမှုမှ သည် တိုင်းရင်းသားမျိုးနွယ်စုများ အားလုံး    စည်းလုံးညီညွတ်မှု ရအောင်    တိုင်းရင်းသားများ အားလုံး     ဝိုင်းဝန်းဖော်ဆောင် ပြီး  ငြိမ်းချမ်း၍  ခေတ်မီဖွံ့ဖြိုး တိုးတက်သော       နိုင်ငံတော်ကြီး အဖြစ်  ဝိုင်းဝန်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း   ပြောကြား သည်။ (ဝဲပုံ)
ထို့နောက်   ဒုတိယဝန်ကြီးက အမှာစကား ပြောကြားသည်။
ဆက်လက်၍        ပဲခူးရိုးမ တောင်ပေါ်ကရင်    စောကီးဒိုက ကရင်ရိုးရာစောင်းဖြင့်   တီးခတ် ဖျော်ဖြေပြီး    ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊   ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ် များရန်ကုန်)၏ နာယကဆရာမ ကြီး   နန့်ခင်အေးဦးနှင့်  သမိုင်း ဌာနပါမောက္ခ ဒေါက်တာနန်းလှိုင် တို့က မိတ်ဆုံပွဲအမှတ်တရစကား များ ပြောကြားကြသည်။ 
ယင်းနောက်        ပညာရေး တက္ကသိုလ်ကျောင်းသား ကျောင်း သူများက “အော်ဟူအော်ဟှောင်” ကရင်သီချင်းဖြင့်   သီဆိုဖျော်ဖြေ ကာ         ပညာရေးတက္ကသိုလ် နောက်ဆုံးနှစ်        ကျောင်းသား “စစည်သူဟိန်း”က   ကျေးဇူးတင် စကားပြောကြားသည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်    ဒုတိယဝန်ကြီးတို့ က  ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ      (တက္ကသိုလ်များ ရန်ကုန်)သို့    ထောက်ပံ့ငွေများ ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ ကတက္ကသိုလ်များမှ ဆရာ ဆရာမ များ၊ ကရင်မောင်မယ် တက္ကသိုလ် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။                   
 သတင်းစဉ်