ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပ

 

ဘားအံ   ဇန်နဝါရီ   ၁၀


ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ် ကရင် အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်း အမှတ်  ရိုးရာလှေလှော်ပြိုင်ပွဲကို ဇန်နဝါရီ ၁၀ ရက် နံနက် ၈ နာရီက ဘားအံမြို့    အမှတ်(၃)ရပ်ကွက် သံလွင်မြစ်ကမ်းနား ညဈေးတန်း နေရာ၌ကျင်းပရာ    ဘားအံမြို့နယ် ရှိ    တိုက်နယ်ကိုးခုမှ    ပြိုင်ပွဲဝင် အသင်း  ကိုးသင်း၊     အားကစား သမား စုစုပေါင်း ၂၂၅ ဦး   ဝင်ရောက် ယှဉ်ပြိုင်ကြသည်။


ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက  အားကစားပြိုင်ပွဲ များမှတစ်ဆင့်  တစ်ဦးနှင့်တစ်ဦးချစ်ကြည်ရင်းနှီးမှုများတိုးပွားလာကာ  အချင်းချင်းကူညီရိုင်းပင်းဖေးမစောင့်ရှောက်မှုများကို    ရရှိ လာစေနိုင်မည်   ဖြစ်သည့်အတွက် ပြိုင်ပွဲများကို     စဉ်ဆက်မပြတ် ကျင်းပပေးသွားရန်     လိုအပ်မည် ဖြစ်ကြောင်း၊     ပြိုင်ပွဲဝင်အသင်း များအနေဖြင့်    မိမိတို့ကိုယ်စားပြု အသင်းများ      အနိုင်ရရှိအောင် ရွက်ကုန်တက်ကုန်အားကြိုးမာန် တက်      ကြိုးစားယှဉ်ပြိုင်ကစား သွား ကြရန်  တိုက်တွန်းမှာကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ 


ပြိုင်ပွဲတွင်      အမျိုးသား/အမျိုးသမီး (၅)တက်လှော်ပြိုင်ပွဲ၊ (၇)တက်လှော်ပြိုင်ပွဲ၊   နဂါးလှေ ပြိုင်ပွဲတစ်ခုဖြစ်သော   အမျိုးသား/အမျိုးသမီး (၂၀) တက်လှော်ပြိုင်ပွဲ တို့တွင်   အမျိုးသား/အမျိုးသမီး အားကစားသမားပေါင်း   ၂၂၅   ဦး တို့၏ သံလွင်မြစ်အတွင်း အားကြိုး မာန်တက်     ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်    ဇနီး၊ ပြည်နယ်  တရားလွှတ်တော်တရား သူကြီးချုပ်၊    အရှေ့တောင်တိုင်း စစ်ဌာနချုပ်          ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊  ဒေသခံတိုင်းရင်းသား ပြည်သူများက     ကြည့်ရှုအားပေး ကြသည်။
လှေလှော်ပြိုင်ပွဲကို ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ  နှစ်ရက် ကြာ ကျင်းပသွားမည်ဖြစ်သည်။


အလားတူ     ဘားအံမြို့နယ် အတွင်း       ယာယီပြောင်းရွှေ့ နေထိုင်ကြသော    နေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ ထောက်ပံ့ ပေးအပ်ပွဲကို ဇန်နဝါရီ  ၉  ရက်က ကျောင်းထိုင်ဘုန်းကြီး   သင်တန်း ကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။


ထောက်ပံ့        ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က     အမှာ စကားပြောကြားပြီး      ပြည်နယ် ဝန်ကြီးချုပ်၊       ပြည်နယ်တရား လွှတ်တော်  တရားသူကြီးချုပ်နှင့် ပြည်နယ်    အစိုးရအဖွဲ့ဝင်များက ဒီဇင်ဘာ ၁၂ ရက်နှင့်    ဇန်နဝါရီ ၁    ရက်တို့တွင်    ဘားအံမြို့နယ် အတွင်းသို့     ထပ်တိုးရောက်ရှိ လာသော   အိမ်ထောင်စု  ၁၄၀၊ လူဦးရေ ၆၀၈ ဦးအား  ဆန် (၄၆ အိတ် ၁၆ ပြည်)၊ ဆီ လီတာ ၁၄၀ နှင့်  ကြက်ဥအလုံး ၁၄၀၀  ကို ထောက်ပံ့ပေးအပ်ရာ ယာယီနေရပ် စွန့်ခွာပြည်သူများ        ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူး တင်စကား    ပြန်လည်ပြောကြား သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်သည်     ယာယီနေရပ်စွန့်ခွာ ပြည်သူများ၏ ကျောင်းနေအရွယ် ကလေးငယ်များအား ဂုဏ်ပြုငွေ များပေးအပ်ပြီး      တစ်ဦးချင်း  ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ     ပြောကြား ခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)