ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)(KNU/ KNLA-PC)မှ ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ
 ငြိမ်းချမ်းရေးဆွေးနွေးရန်  ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)(KNU/ KNLA-PC)မှ ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

 

 

နေပြည်တော်   မေ   ၂၅


တစ်နိုင်ငံလုံး      ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့ကို ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး၊   ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်        (ငြိမ်းချမ်းရေး ကောင်စီ) (KNU/KNLA-PC)မှ ဥက္ကဋ္ဌ စောထော့လေး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ သည် ယနေ့တွင် နေပြည်တော်သို့ရောက်ရှိကြသည်။

 


ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA-PC)မှ ဥက္ကဋ္ဌ စောထော့လေး ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည်    မွန်းလွဲပိုင်းတွင် မော်တော်ယာဉ်များဖြင့် နေပြည်တော်ရှိ Horizon Lake View Resort သို့ ရောက်ရှိကြရာ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့်   တာဝန်ရှိသူများ၊ ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူ များ၊ ငြိမ်းချမ်း​ရေးကိုလိုလားသည့် ဒေသခံပြည်သူ များက ထာဝရငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူ တစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်း ရေးရရှိရေးသည် နိုင်ငံသားအားလုံး၏   ဆန္ဒအမှန် ဖြစ်သည်၊   ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့တွေ့ဆုံ ဆွေးနွေးကြပါစို့၊     တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ    စသည့်စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်၍        လည်းကောင်း၊ နိုင်ငံတော်အလံငယ်များကိုင်ဆောင်၍ လည်းကောင်း ကြိုဆိုကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်