ကပ်ရောဂါဖြစ်ပွားမှု နှစ်နှစ်ကြာလာပြီးနောက် ပုံမှန်အနေအထားသို့ ပြန်ရောက်လာသည်ဟု ကျွမ်းကျင်သူရှုမြင်

 

ဝါရှင်တန်  မတ် ၁၂
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုဗစ်-၁၉ ကို ကပ် ရောဂါအဖြစ် ကြေညာခဲ့သည်မှာ နှစ်နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်း တက္ကသိုလ်၏အချက်အလက်များအရ လူဦးရေ သန်း ၄၅၀ ကျော်မှာ ကိုဗစ်-၁၉ကူးစက်ခံရပြီးဖြစ်သည်။ ကိုဗစ်-၁၉ နှင့်ဆက်စပ်ပြီး သေဆုံးသူဦးရေမှာလည်း ခြောက်သန်းကျော်ရှိလာပြီဖြစ်သည်။  
ရောဂါလက္ခဏာပြင်းထန်မှုနှင့်  သေဆုံးမှုနှုန်း မှာလည်း  တဖြည်းဖြည်းချင်း  ကျဆင်းလာခဲ့သည်။ အနောက်နိုင်ငံများတွင်  စီးပွားရေးနှင့်  လူမှုရေး လှုပ်ရှားမှုများအတွက် ပြန်လည်လမ်းဖွင့်ပေးသည်ကို တွေ့မြင်လာရသည်။  ဂျော့ဝါရှင်တန်တက္ကသိုလ် မှ  ပါမောက္ခဖြစ်သူ  ဒေးဗစ်မိုက်ကယ်သည် ကိုဗစ်- ၁၉ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်။ 
ဗိုင်းရပ်စ် ကူးစက်မှုမှာ  ရှိနေဆဲဖြစ်သော်လည်း    ယခုအခါ  ပုံမှန်လူနေထိုင်မှုဘဝ   ပြန်လည်ရောက်ရှိ စေရေး လုပ်ဆောင်လာကြသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောသည်။  
နောက်ထပ်  ဗီဇပြောင်းကူစက်မှုများကိုလည်း ထောက်လှမ်းရာတွင်    ခိုင်ခိုင်မာမာရှိစေရေးနှင့် ကာကွယ်ဆေးထိုးပေးခြင်းများကို    အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် လုပ်ဆောင်ကြရန် ၎င်းက တောင်းဆိုခဲ့သည်။
ယင်းနည်းလမ်းဖြင့် ကိုဗစ်-၁၉ ကို အားလျော့ သွားအောင်  လုပ်ဆောင်နိုင်သည်ဟုလည်း  ၎င်းက ပြောကြားခဲ့သည်။ 
အင်န်အိတ်ချ်ကေ