
နယူးယောက် ဖေဖော်ဝါရီ ၂၀
ကိုဗစ် -၁၉ ကပ်ရောဂါကာလအတွင်း အမေရိကန် ပြည်ထောင်စု၌ သေဆုံးသူဦးရေမှာ တစ်သန်း ကျော် ရှိလာပြီဖြစ်ကြောင်း သည်ဂါဒီးယန်းတွင် ဖော်ပြထားသည်။
သေဆုံးသူအများစုမှာ ကိုဗစ် -၁၉ ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး အချို့မှာ ဆေးဘက်ဆိုင်ရာဂရုစိုက်မှုနည်းပါးမှု၊ ကျန်းမာရေးစနစ်တွင် ဝန်ပိမှု တို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောသည်။
အမေရိကန်တွင် လူပေါင်း ၉၂၃၀၀၀ မှာ ကိုဗစ်- ၁၉ ကြောင့် သေဆုံးသည်ဟု အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာကပြောသည်။ အခြားသောသေဆုံးမှုများတွင် နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် အယ်ဇိုင်းမားရောဂါတို့ကြောင့်သေဆုံးရခြင်းဖြစ်သည်။
အမေရိကန်အများစုမှာ ကိုဗစ် - ၁၉ ကူးစက်ခံ ရစဉ်အတွင်း စောင့်ရှောက်မှုခံယူရန် အချိန် နှောင့်နှေးခြင်းနှင့် ကိုဗစ် - ၁၉ ကြောင့် တိုင်းပြည် ၏ ကျန်းမာရေးစနစ် ဝန်ပိမှုကြောင့် ပြုစုစောင့်ရှောက် ခံရမှုနည်းပါးခြင်းတို့ကို တွေ့ရှိရသည်။
အမေရိကန်ပြည်ထောင်စုတွင် ဆေးအလွန်အကျွံ သုံးစွဲမှုကြောင့် သေဆုံးမှုများလည်းရှိရာ ကပ်ရောဂါ ဖြစ်ပွားသည့် ပထမနှစ်အတွင်း မူးယစ်ဆေး ကြောင့် သေဆုံးရသူ ၁၀၀၀၀၀ ကျော်ရှိကြောင်း သိရသည်။
ဆင်ဟွာ