
တွေ့ဆုံမေးမြန်း - ဝင်းဝင်း
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC) သည် မိုခါမုန်တိုင်းနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက် ပေးသည့် ဗဟိုဌာနဖြစ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကို ဖွဲ့စည်းထားရှိပြီး အဆိုပါလုပ်ငန်းကော်မတီများသည် DMC တွင် စုဖွဲ့ကာ မိုခါမုန်တိုင်းနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ် တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းကော်မတီ ၁၂ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကော်မတီအတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းဇော်နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
မေး ။ ။ မိုခါမုန်တိုင်းတိုက်ခတ်မှုနဲ့ပတ်သက်ပြီး
ကနဦးလုပ်ငန်းကော်မတီရဲ့ ကြိုတင် ပြင်ဆင်ဆောင်ရွက်ခဲ့မှုကို ပြောပြပေးစေလိုပါတယ် ရှင့်။
ဖြေ ။ ။ မေ ၆ ရက်မှာ ကျင်းပတဲ့ အမျိုးသား
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ရဲ့ လမ်းညွှန်ချက်နဲ့ မေ ၉ ရက်မှာ လုပ်ငန်းစီမံချက်ကို ရေးဆွဲခဲ့ပါတယ်။ စီမံချက်အရ ရွေ့လျားအဖွဲ့ ခုနစ်ဖွဲ့ နဲ့ စာရင်းပြုစုရေးအဖွဲ့ ၁၀ ဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးခဲ့တယ်။ လုပ်ငန်းကော်မတီအတွင်းရေးမှူး အနေနဲ့ မေ ၈ ရက်ကစလို့ DMC မှာ နေ့စဉ် အစည်း အဝေးတက်ရောက်ပြီး လုပ်ငန်းကော်မတီနဲ့ စပ်လျဉ်းတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ မေ ၉ ရက်ကစတင်ပြီး DMC မှာ ညွှန်ကြားရေးမှူး တစ်ဦး၊ ဒုတိယစာရင်းအင်းမှူးတစ်ဦးကို ရုံးထိုင် ဆောင်ရွက်စေခဲ့ပါတယ်။ ဒါ့အပြင် မုန်တိုင်း ဝင်ရောက်နိုင်တဲ့ ဒေသတွေရဲ့ အချက်အလက်တွေ ကြိုတင်ပြုစုခြင်း၊ ကောက်ယူမယ့် စာရင်းပုံစံပြုစု ခြင်း၊ ပုံစံတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်းကော်မတီတွေထံ ဖြန့်ဝေခြင်း တွေ ဆောင်ရွက်ပါတယ်။ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအရေးပေါ် Command Post အဖွဲ့တွေမှာ တိုင်းဒေသကြီး/ပြည်နယ်တွေမှာရှိတဲ့ ဗဟိုစာရင်းအင်းအဖွဲ့ဝန်ထမ်းတွေ ပါဝင်ဆောင်ရွက် ခဲ့ပါတယ်။
ပျက်စီးမှုစာရင်းတွေ ကြိုတင်စာရင်းကောက်နိုင် ဖို့ မုန်တိုင်းမဖြစ်ခင် မုန်တိုင်းလမ်းကြောင်းသင့် ဒေသတွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို မေ ၁၁ ရက် မှာ စေလွှတ်ခဲ့ပါတယ်။ ဆက်လက်ပြီး မကွေးနဲ့ ပဲခူးတိုင်းဒေသကြီးတွေကို မေ ၁၃ ရက်မှာ စေလွှတ် ပြီး ပျက်စီးမှုစာရင်းကောက်ယူနိုင်ရေး ကြိုတင် ဆောင်ရွက်ခဲ့ပါတယ်။
မေး ။ ။ မုန်တိုင်းကြောင့် ထိခိုက်မှုအများဆုံး
ဖြစ်တဲ့ ရခိုင်ပြည်နယ်နဲ့ စပ်လျဉ်းပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို သိရှိလို ပါတယ်။
ဖြေ ။ ။ ရခိုင်ပြည်နယ်ကို မေ ၁၅ ရက်မှာ
လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သွားရောက် ခဲ့ပါတယ်။ မေ ၁၆ ရက်မှာ ရခိုင်ပြည်နယ်ရဲ့ ပျက်စီး ဆုံးရှုံးမှုစာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းစီမံချက် ရေးဆွဲပြီး ရွေ့လျားအဖွဲ့ဝင်တွေ၊ ရခိုင်ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက် ဌာန အဖွဲ့အစည်းတွေက ဝန်ထမ်းတွေနဲ့ စာရင်း ကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ မေ ၁၅ ရက်မှာ ဗဟိုစာရင်းအင်းအဖွဲ့(ရုံးချုပ်)က ရန်ကုန်ကို စေလွှတ်ထားတဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်တဲ့အဖွဲ့က ရခိုင်ပြည်နယ်ကို ဆက်လက် သွားရောက်ပြီး မြေပြင်စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့အဖွဲ့ကို မေ ၁၆ ရက်မှာ စစ်တွေမြို့သို့ ထပ်မံစေလွှတ်ပြီး စာရင်း ကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့ရဲ့ မြေပြင်စာရင်း ကောက်ယူရရှိတဲ့ အချက်အလက်တွေကို ရခိုင် ပြည်နယ် အစိုးရအဖွဲ့နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(DMC)သို့ နေ့စဉ်တင်ပြပါတယ်။
ဒီလုပ်ငန်းစီမံချက်အရ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့ကို မေ ၁၇ ရက် နံနက် ပိုင်းကစတင်ပြီး အဖွဲ့အသီးသီးက တာဝန်ယူရတဲ့ မြို့နယ်တွေကို စာရင်းကောက်ယူဖို့ ထွက်ခဲ့ကြပါ တယ်။ စာရင်းကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့က ရခိုင် ပြည်နယ်ရဲ့ ပျက်စီးဆုံးရှုံးမှုစာရင်းတွေကို မေ ၁၇ ရက်က စတင်ပြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ခဲ့ရာ မေ ၂၃ ရက်မှာ ပြီးဆုံးခဲ့ပြီး ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနနဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဗဟိုဌာန (NDMC)ကို အချိန်နဲ့တစ်ပြေးညီ တင်ပြ ခဲ့ပါတယ်။
စာရင်းကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့က ရရှိတဲ့ ပျက်စီးဆုံးရှုံးမှုစာရင်းတွေနဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာ မြို့နယ်တွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ တပ်မတော်က တာဝန်ပေးအပ်ထားတဲ့ တာဝန်ခံအရာရှိကြီးတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနရဲ့ လမ်းညွှန်မှုကို ရရှိခဲ့ပါတယ်။ ဒီအတွက် မေ ၂၇ ရက်က စတင်ပြီး မြို့နယ် ၁၇ မြို့နယ်ကို ဒုတိယအကြိမ် ထပ်မံကွင်းဆင်းပြီး သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး ပျက်စီးဆုံးရှုံးမှု စာရင်းတွေ ပြန်လည်စိစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။
ဒုတိယအကြိမ် ထပ်မံသွားရောက်ရာတွင် မေ ၂၇ ရက်မှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်နဲ့ အမ်းမြို့နယ်၊ မေ ၂၈ ရက်မှာ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ တောင်ကုတ်၊ မာန်အောင်၊ မောင်တော၊ မင်းပြား၊ မြေပုံ၊ ဂွနဲ့ သံတွဲမြို့နယ်တွေကို ထွက်ခွာ ခဲ့ကြပြီး ဇွန် ၅ ရက်အထိ ပျက်စီးဆုံးရှုံးမှုစာရင်းတွေ ပြန်လည်စိစစ်အတည်ပြုနိုင်ရေး ဆောင်ရွက်ခဲ့ကြ ပါတယ်။
မေး ။ ။ ကောက်ယူရရှိတဲ့စာရင်းတွေကို ဘယ်လို
ဆက်လက်ဆောင်ရွက်ရပါသလဲ။
ဖြေ ။ ။ ကနဦးလုပ်ငန်းကော်မတီက နေပြည်
တော်ကောင်စီအပါအဝင် တိုင်းဒေသ ကြီး/ပြည်နယ်တွေမှာ သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုစာရင်းတွေကို မေ ၁၁ ရက်ကစတင်ပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(DMC)ကို နေ့စဉ်အစီရင်ခံ တင်ပြခဲ့ပါတယ်။ ကနဦး လုပ်ငန်းကော်မတီအနေနဲ့ သဘာဝဘေးဒဏ်ကြောင့် လူများအသက်ဆုံးရှုံးမှု၊ တိရစ္ဆာန်များ သေကျေပျက်စီးမှု၊ ပျက်စီးဆုံးရှုံးသွား တဲ့ အဆောက်အအုံတွေကို ပြန်လည်ပြုပြင် တည်ဆောက်ရာမှာ ထောက်ပံ့ကူညီပေးနိုင်ဖို့ အတွက် ပညာရေး၊ ကျန်းမာရေး၊ သာသနိက အဆောက်အအုံတွေရဲ့ ပျက်စီးမှုနဲ့ သွပ်၊ သံ၊ သစ် လိုအပ်ချက် ကနဦးစာရင်းတွေ၊ အခြေခံအဆောက် အဦ၊ လျှပ်စစ်နဲ့စွမ်းအင်၊ ပိုင်ဆိုင်ပစ္စည်း(ကား၊ ဆိုင်ကယ်၊ စက်ဘီး) စတဲ့၊ သယ်ယူပို့ဆောင်ရေး၊ လယ်ယာ/သားငါးကဏ္ဍတို့နဲ့ စပ်လျဉ်းတဲ့ ပျက်စီး ဆုံးရှုံးမှုစာရင်းတွေကို သတ်မှတ်ပုံစံနဲ့ပြုစုပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC)ကို နေ့စဉ်အစီရင်ခံတင်ပြလျက်ရှိပါတယ်။ ။