ကျွန်တော်လွမ်းမိသော ငြိမ်းချမ်းရေးပုံရိပ်များ (ကယားပြည်နယ်)

Type
44


 

မြင့်စိုး(နတလ)

 

ကလလတအဖွဲ့နှင့် ငြိမ်းချမ်းရေး
နောင်တော်ကြီး   ကိုဇော်သက်နိုင်၊ စစ်တက္ကသိုလ်အမှတ်စဉ် (၂၁) ကျောင်း ဆင်း၊ ကျွန်တော်တို့ထက်  တစ်နှစ်စော သည်။ ကျောင်းတုန်းက ကြည့်မရခဲ့သော စီနီယာတွေထဲမှာ       သူလည်းပါ၏။ လက်အပြည့်   မလွှဲသော၊     ဟိုငေး သည်ငေးနှင့်     လမ်းလျှောက်မိသော၊ ပထမနှစ်  ဗိုလ်လောင်းများကို စိန်နားပန် ချုံကွယ်မှစောင့်ဖမ်း၍  အပြစ်ပေးတတ် သူ။ ဗိုလ်လောင်းဘဝတုန်းက ညီငယ် တွေကို စည်းကမ်းစနစ်အတိုင်းနေစေလို ၍ အပြစ်ပေးတတ်သော နောင်တော်ကြီး။ သူကွယ်လွန်ခဲ့တာ    အတော်ပင်ကြာ သွား  ပါပကောလား။  ယခင်ကသူသည် တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့ဝင် တစ်ဦး။ ထိုမှနတလသို့ ရောက်လာသည်။ ကျွန်တော်တို့နှင့် ပြန်၍ ရေစက်ဆုံသည်။ ယခင်    ထောက်လှမ်းရေးတာဝန်များ ထမ်းဆောင်ခဲ့စဉ်က ကယားပြည်နယ် အတွင်း             ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့ပုံများကို သူ့ထံမှ ပြန်ကြား ရသည်။
ကယားပြည်နယ်အတွင်း  ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ)သည် တရားဥပဒေ ဘောင်အတွင်းသို့      ဒုတိယမြောက် ဝင်ရောက်လာသော အဖွဲ့ဖြစ်၏။ ၁၉၉၄ ခုနှစ်    ဖေဖော်ဝါရီ   ၉    ရက်တွင် တပ်မတော်မှ     တာဝန်ရှိသူများနှင့် ကလလတအဖွဲ့တို့ မယ်စဲ့တွင်   စတင် တွေ့ဆုံဆွေးနွေးရန်    ညှိနှိုင်းသဘော တူညီခဲ့ကြသည်။ နှစ်ဖက် မြေပြင်တပ် များက     မယ်စဲ့သို့ချီတက်ခဲ့ကြသည်။ တပ်မတော်မှ                တာဝန်ရှိသူများ၊ လွိုင်ကော်မြို့  ကက်ဆိုလိမ်ဂိုဏ်းအုပ် ဆရာတော်  ဆိုတေးရိုဖားမို  ပါဝင်သည့် ငြိမ်းချမ်းရေးအကျိုးဆောင်များ လိုက်ပါ လာသည့် ရဟတ်ယာဉ်ကို စောင့်ဆိုင်းခဲ့ ကြသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဖက်နှင့် တစ်ဖက်ယုံကြည်ရန်       ခက်ခဲသဖြင့် အေးအေးလူလူ      စောင့်ခြင်းမျိုးတော့ မဟုတ်ကြ၊ သေနတ် တစ်ကမ်းအကွာမှာ မောင်းခလုတ်တွေပေါ်  လက်ညှိုးတင် လျက် အသင့်အနေအထားဖြင့် စောင့်နေ ကြခြင်းပင်။     ရဟတ်ယာဉ်ကလည်း မယ်စဲ့အပေါ်သို့ ရောက်ချိန်မှာ ထိုးမဆင်း ရဲသေးဘဲ     အောက်မှာမြင်နေရသည့် စိမ်းစိမ်းညို့ညို့  ယူနီဖောင်းဝတ် လူအုပ် ကြီးကို                 အကဲခတ်ရသေးသည်။ ကလလတတွေပဲလား၊ ငါတို့တပ်တွေ ရော ရောက်နေပြီလား၊  ကိုယ့်လူတွေ မရောက်သေးဘဲ ဆင်းမိကာမှ မတော် တရော်တွေ ဖြစ်သွားရင် ဒုက္ခ၊ ပိုင်းလော့ နောင်တော်ကြီးများလည်း  တော်တော် ခေါင်းစားခဲ့ကြောင်း သိရသည်။  ကိုင်း-ဖြစ်ချင်ရာဖြစ်ကွာ၊  နိုင်ငံတော်  တာဝန် ပေပဲ၊ ဆင်းရမည့်ကိစ္စမို့ ရဟတ်ယာဉ်ကို ဆင်းသက်လိုက်ပါတော့သည်။
ဦးထွန်းကျော်တို့  ကလလတအဖွဲ့ ပြန်ပြောသည်ကတော့        မယ်စဲ့မှာ ကျွန်တော်တို့ အားလုံး သံသယစိတ်တွေ နဲ့  စောင့်နေကြတာ၊   အပေါ်က  ရဟတ် ယာဉ်ဆင်းလာတော့မှပဲ သြော်... သူတို့ တကယ့်စိတ်ရင်းစေတနာ      အမှန်နဲ့    ငါတို့ကို      လာတွေ့တာပါလားဆိုပြီး နိုင်ငံတော်အစိုးရ၏       ငြိမ်းချမ်းရေး ကမ်းလှမ်းမှုအပေါ် ယုံကြည်မှု ပိုမိုခိုင်မာ လာကြောင်း  ပြောပြခဲ့သည်။  ၁၉၄၈ ခုနှစ်တွင် ကျယ်ဖိုးကြီးစော်ဘွား စောရွှေ နှင့်     ဘောလခဲနယ်ကိုယ်စားလှယ် စောဘီထူးတို့ ဦးဆောင်ဖွဲ့စည်းခဲ့သော  ကရင်နီ   အမျိုးသားတိုးတက်ရေးပါတီ   KNPP၊ ကလလတအဖွဲ့က ၁၉၇၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်   KNPP    မှ  ခွဲထွက်၍ ဗကပနှင့်ပူးပေါင်းခဲ့သည်။ ၁၉၈၉ ခုနှစ် မှာ ဗကပပြိုကွဲသွားသောအခါ ကယန်းပြည်သစ်ပါတီ၊      ရလလဖ   (ပအိုဝ်းနီ)အဖွဲ့များနှင့်    ပူးတွဲလှုပ်ရှား ခဲ့သည်။   ၁၉၉၄ ခုနှစ်     မေလ ၉  ရက်နေ့တွင်  ဦးထွန်းကျော် ခေါင်းဆောင် သော ကလလတအဖွဲ့   တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လာခဲ့သည်။
KNG အဖွဲ့နှင့် ငြိမ်းချမ်းရေး
KNG အဖွဲ့ (ကယန်းအမျိုးသားလုံခြုံ ရေးတပ်) ကိုတော့ဖြင့် ကယားပြည်နယ် ၏      ငြိမ်းချမ်းရေး   လမ်းပြကြယ်ဟု ကျွန်တော်   အမြဲတမ်းတင်စားခေါ်ဝေါ်ရေးသားဂုဏ်ပြုခဲ့သည်။  ကြည့်လေ - နယက ဒုတိယဥက္ကဋ္ဌ၊ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ် မှူးကြီး မောင်အေး(ငြိမ်း)၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်     တိုင်းမှူးတာဝန် ထမ်းဆောင်နေစဉ် ကာလကတည်းက ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်၌ တရားဥပဒေဘောင်အတွင်း ဝင်ရောက် လာသော အဖွဲ့ဖြစ်သည်။ ဦးဂေဘရယ်ဗျံ ခေါင်းဆောင်၍ မိုးဗြဲ၊  ဖယ်ခုံဒေသတွင် လှုပ်ရှားနေရာမှ ကယန်းပြည်သစ်ပါတီ အဖွဲ့နှင့် ပူးပေါင်းသော်လည်း ဗကပနှင့် မပေါင်းလို၍  သဘောထားကွဲလွဲကာ ၁၉၉၁ ခုနှစ် အောက်တိုဘာ ၉ ရက်   မိုးဗြဲ၊   ဖယ်ခုံဒေသ   ဗလဖလိုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သော      လူထုအစည်း အဝေး၏ သဘောတူ ထောက်ခံချက်အရ ငြိမ်းချမ်းရေးရယူရန် ဆုံးဖြတ်ခဲ့ကြသည်။ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးစံအောင် တို့က  ကြိုးပမ်းအားထုတ်    ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
၁၉၉၃ ခုနှစ် နိုဝင်ဘာ  ၁၇ ရက်၌ ထိုစဉ်က      နယကအတွင်းရေးမှူး(၁)၊ ဒုတိယဗိုလ်ချုပ်ကြီး      ခင်ညွန့်သည် လွိုင်ကော်မြို့တွင်    ပြည်သူလူထုနှင့် တွေ့ဆုံ၍  ကယားပြည်နယ်အတွင်း၌ လက်နက်ကိုင်တိုက်ခိုက်လျက်ရှိသည့် အဖွဲ့အစည်းအချို့        ရှိနေသေးသဖြင့်  ဖွံ့ဖြိုးတိုးတက်ရေးကို      စိတ်တိုင်းကျ ဆောင်ရွက်နိုင်ရန် တောတွင်းလက်နက် ကိုင်အဖွဲ့အစည်းများ      ဥပဒေဘောင် အတွင်း ဝင်ရောက်ရေးအတွက် နိုင်ငံတော် အစိုးရနှင့် တွေ့ဆုံညှိနှိုင်းရန် ဖိတ်ခေါ်ပါ သည်ဟူ၍  လက်ကမ်းကြိုဆိုဖိတ်ခေါ် ခဲ့ပါသည်။
ကယန်းပြည်သစ်ပါတီအဖွဲ့နှင့်
ငြိမ်းချမ်းရေး
ဇိန်းကယန်းထန်(ခ) ဦးရွှေအေးသည် ၁၉၆၂ ခုနှစ်တွင် ကယန်းလူငယ် ၄၀ ခန့် ကို အစပြုစုစည်း လှုပ်ရှားကာ  ၁၉၆၄ ခုနှစ် ဇွန်လ ၄ ရက်နေ့၌ ကယန်းပြည်သစ် ပါတီကို     ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဗကပ၏ စည်းရုံးသိမ်းသွင်းခံရမှုကြောင့် ဗကပအလယ်ပိုင်း ဗျူရိုလက်အောက်ခံ တပ်ပေါင်းစုစစ်ဒေသတွင် ပါဝင်လှုပ်ရှား ခဲ့သည်။    ငြိမ်းချမ်းရေးအကျိုးဆောင် ဆရာတော် ဆိုတေးရိုဖားမို၏ ကူညီပေး မှုဖြင့်     ကယန်းပြည်သစ်ပါတီသည် တပ်မတော်မှ တာဝန်ရှိသူများနှင့် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ၊ ၂၈ ရက်များတွင် လည်းကောင်း၊ ထိုနှစ် မေလ  ၅  ရက်၊ ဇွန်လ ၂၂ ရက်နေ့များတွင် လည်းကောင်း တွေ့ဆုံဆွေးနွေးပြီးနောက် ၁၉၉၄ ခုနှစ် ဇူလိုင်   ၂၆ ရက်တွင်    တရားဥပဒေ ဘောင်အတွင်း  ဝင်ရောက်ခဲ့ကြသည်။
KNPP အဖွဲ့နှင့် ငြိမ်းချမ်းရေး
၁၉၈၀ ပြည့်လွန်နှစ်များ၌ ကျွန်တော် တို့တပ်ရင်းသည်             ကယားပြည်နယ် အတွင်း စစ်ဆင်ရေးဝင်ခဲ့ရသည်။ ထိုစဉ် ကာလကတည်းက  KNPP  အဖွဲ့အပေါ် စူးစူးစိုက်စိုက်        သတိထားမိသည်မှာ ဗကပနှင့်  လုံးဝ  မပူးပေါင်းခဲ့ကြခြင်းကို ပင်။  ၁၉၉၁ ခုနှစ်တွင်  KNPP  သည် ကယားပြည်နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌ ဟောင်း ဦးကျော်ဒင်၊ KNG ငြိမ်းချမ်းရေး အဖွဲ့မှ  ဦးလှမိုးတို့ထံ   ငြိမ်းချမ်းရေး ဆိုင်ရာများကို စတင်မေးမြန်း လေ့လာမှု ပြုခဲ့သည်။ ဆရာတော်  ဆိုတေးရိုဖားမို ကလည်း  တိုက်တွန်းအကြံပြုခဲ့သည်။ သို့နှင့် KNPP အဖွဲ့သည်  တပ်မတော်မှ တာဝန်ရှိသူများနှင့်    ၁၉၉၃   ခုနှစ် အောက်တိုဘာလတွင်    စတင်တွေ့ဆုံ ဆွေးနွေးခဲ့သည်။  ယင်းနောက်     ၁၉၉၄  ခုနှစ်  အောက်တိုဘာ   ၁၃   ရက်မှ မတ်လအတွင်း  အကြိမ်ကြိမ်  ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး    ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် KNPP အဖွဲ့ တရားဥပဒေ ဘောင် အတွင်း      ဝင်ရောက်လာခဲ့ကြသည်။ သို့သော်  ဝင်ရောက်လာကြပြီး သုံးလခန့် အကြာ၌   သဘောထားကွဲလွဲမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး    အခိုက်အတန့်အားဖြင့် ငြိမ်းချမ်းရေးရောင်ခြည်    မှေးမှိန်သွား ခဲ့ကြောင်းလည်း တွေ့မြင်ခဲ့ရ၏။
အခြားသော ငြိမ်းချမ်းရေးအဖွဲ့ငယ်များ
ကယားပြည်နယ်ထဲမှာ တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လာကြသော ငြိမ်းချမ်းရေးအဖွဲ့ငယ်၊ အဖွဲ့ခွဲများလည်း ရှိနေပါသေးသည်။ ၎င်းတို့မှာ ဦးလီးရယ် ခေါင်းဆောင်၍ ၁၉၉၆ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင်        ဝင်ရောက်လာသော ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP အဖွဲ့၊ ဦးဂိုးရီ   ခေါင်းဆောင်၍ ၁၉၉၉ ခုနှစ်   ဇူလိုင်   ၂၃  ရက်တွင် ဝင်ရောက်လာသော ကရင်နီအမျိုးသား တိုးတက်ရေးပါတီအဖွဲ့၊      ဦးရစ်ချဒ် ခေါင်းဆောင်၍ ၂၀၀၂ ခုနှစ် စက်တင် ဘာလ ၁၁ ရက်နေ့တွင်  ဝင်ရောက်လာ ကြသော ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးပါတီအဖွဲ့၊              ဦးလောရှာ ခေါင်းဆောင်၍ ၂၀၀၃ ခုနှစ် စက်တင် ဘာ ၁ ရက်တွင်   ဝင်ရောက်လာကြ  သော  ကရင်နီအမျိုးသားတိုးတက်ရေး  ပါတီ   (ခွဲထွက်)         အဖွဲ့တို့ဖြစ်ကြသည်။ အဖွဲ့ငယ်တော်တော်များများက  KNPP  မှခွဲထွက်လာကြသော အဖွဲ့များဖြစ်ကြ သည်။
နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများစတင်
နေရာဒေသ တည်ငြိမ်အေးချမ်းခြင်း နှင့်           ဖွံ့ဖြိုးတိုးတက်ခြင်းတို့သည် တိုက်ရိုက် အချိုးကျနေပါသည်။ ၁၉၉၂ ခုနှစ်မှ  ၁၉၉၆   ခုနှစ်အတွင်းမှာပင်
ကယားပြည်နယ်ထဲ၌     မိုးဗြဲ-လဂျီနွဲ့-ပီကင်းလမ်း၊    ဆီဘူး-သိကျိတ်လမ်း၊ ဟိုယာ -ကေကောလမ်း၊    လိုဘာခို-ခူးပရားလမ်း၊ ပီကင်း-လအိ-လတိန်-ဆောင်းပြောင်းလမ်းများ စတင်ဖောက် လုပ်ပေးခဲ့သည်။ ဟိုယာ၊ ဒေါတမကြီး၊ မယ်စဲ့၊ ဘောလခဲ၊ ဆီဘူးနှင့် ခရက်ဒုံ တို့မှာ  ဆေးရုံများဖွင့်လှစ်ပေးခဲ့သည်။ 
ရှားတော၊ ရွာသစ်၊  ဟိုယာ၊  ဒေါရော ခူ၊ ဒေါညေးခူနှင့်  ဟိုစဲ့ကျေးရွာများမှာ အ-ထ-က၊ အ-လ-က    ကျောင်းများ ဖွင့်လှစ်ပေးခဲ့သည်။ ဘောလခဲ၊  ဖရူဆို၊ မယ်စဲ့၊ ဖားဆောင်းနှင့် ရှားတောတို့တွင် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ တည်ဆောက်ပေးခဲ့ကြ၏။  ဤကာလ များသည် ငြိမ်းချမ်းခြင်းအစ၊ ဖွံ့ဖြိုးခြင်း အစ    ကာလများပါပေ။     ဤအချိန် ဤကာလမှစတင်၍   ယနေ့အချိန်အထိ ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုဆောင်ရွက်ပေး ခဲ့သော လမ်း၊ တံတားလုပ်ငန်း  ၁၂၈ ခု အတွက်  ခွင့်ပြုငွေကျပ် ၂၅၅၆၃ ဒသမ ၄၀ သန်း၊ ရေရှိရေးလုပ်ငန်း ၆၂ ခုအတွက် ခွင့်ပြုငွေကျပ် ၂၆၅၉ ဒသမ ၅၆၇ သန်း၊ တန်ဖိုးနည်းအိမ်ရာ ၁၃၄ လုံးနှင့် ဝန်ထမ်း အိမ်ရာ ၁၀ လုံး တည်ဆောက်ခြင်းလုပ်ငန်း များအတွက် ခွင့်ပြုငွေကျပ် ၃၁၀၉ ဒသမ  ၄၅ သန်း၊ စွမ်းအင်လုပ်ငန်း ၂၆၂၃ ခု အတွက် ခွင့်ပြုငွေကျပ် ၃၉၇ ဒသမ ၆၈ သန်း၊ သာသနာရေးလုပ်ငန်း   ၉၉ ခု အတွက် ခွင့်ပြုငွေကျပ် ၅၃၄ ဒသမ ၇၀ သန်း၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်း ခုနစ် ခု အတွက် ခွင့်ပြုငွေကျပ် ၂၃၅ ဒသမ ၇၁ သန်း၊ ပညာရေးလုပ်ငန်း ၄၂ ခုအတွက် ခွင့်ပြု ငွေကျပ်  ၆၂၁  ဒသမ  ၃၄   သန်း နှင့် ကျန်းမာရေးလုပ်ငန်း ၂၁ ခုအတွက် ခွင့်ပြုငွေကျပ် ၁၁၁ ဒသမ ၉၇ သန်းဖြင့် စုစုပေါင်းငွေကျပ် ၃၃၂၃၃ ဒသမ ၈၁၇ သန်းအား   နိုင်ငံတော်က    ခွင့်ပြု ဆောင်ရွက်ပေးခဲ့ပြီး  ဖြစ်ပါသည်။ 
ကယားပြည်နယ် ခုနစ်မြို့နယ်
ကယားပြည်နယ်အတွင်း၌ လွိုင် ကော်မြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဒီမော့ဆို မြို့နယ်၊  ရှားတောမြို့နယ်၊ ဘောလခဲ မြို့နယ်၊  ဖားဆောင်းမြို့နယ်၊   မယ်စဲ့ မြို့နယ်ဟူ၍ ခုနစ်မြို့နယ် ရှိသည့်အနက် နတလဝန်ထမ်းဘဝမှာ ရှားတောမြို့ နယ်မှအပ ကျန်မြို့နယ်များသို့ ရောက်ဖူး ခဲ့သည်။     ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်   ဆောင်ရွက်ပေးရသည်။ ဒီမော့ဆို၊ ဖရူဆို၊ ဖားဆောင်းမြို့များသို့ ဖြတ်ပြီး မယ်စဲ့သို့သွားရာတွင် နယ်ခြား မှတ်တိုင် ဘီပီ-၁၃ သို့လည်း သွားရောက် လေ့လာကြည့်ရှုခဲ့ဖူးသည်။   ရွာသစ်မှ တစ်ဆင့် ဟွေပုံလောင်းဒေသသို့လည်း ရောက်ခဲ့သည်။  ဟိုယာ၊ ဘီယာ၊ ဆီဘူး၊ သိကျိတ်ဒေသများကတော့   ငယ်စဉ် တပ်မတော်သားဘဝကတည်းက ရောက် ခဲ့၊ နေခဲ့၊ တာဝန်ထမ်းဆောင်ခဲ့ဖူးသော နေရာများပါပေ။    ကယားပြည်နယ် အတွင်း၌   လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်   နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ   ဖွံ့ဖြိုးရေး သင်တန်းကျောင်းများကို  လွိုင်ကော် မြို့နှင့်           ဘောလခဲမြို့များတွင်   လည်းကောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ      သင်တန်း ကျောင်းကို လွိုင်ကော်တွင်  လည်းကောင်း   နယ်စပ်ရေးရာဝန်ကြီးဌာနက         ဖွင့်လှစ် ပေးခဲ့သည်။ 
ပန်ပက်ဒေသရေရရှိရေး 
ဤလုပ်ငန်းကတော့  ကယားပြည် နယ်ထဲမှာ နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့သော လုပ်ငန်းများစွာ အနက် ထူးခြားသောလုပ်ငန်းတစ်ခုဖြစ် ခဲ့သည်။ ထိုဒေသတွင်            ရေအလွန်ရှား ၏။ ပေ  ၈၀၀  အနက်မျှ  အဝီစိတွင်း တူးသော်ငြားလည်း  ရေမထွက်ခဲ့ပေ။             ကံအားလျော်စွာပင် လွိကထိကျေးရွာ အနီး၌ မြေအောက် ပေ ၁၀၀ ခန့်အနက် ဂူတစ်ခုတွင်  ရေထွက်တစ်ခုကို  ရှာဖွေ တွေ့ရှိခဲ့သည်။  ၎င်းရေအရင်းအမြစ်မှ ရေများကို  ရေစုပ်ပန့်ဖြင့်   ပင်မ ရေစု ကန်သို့  စုပ်တင်ပေးသည်၊ ထိုပင်မကန် ရောက်ရေများကို  အမြင့်ပိုင်းရေစုကန် များသို့  ရေတင်ပန့်များဖြင့်  အဆင့်ဆင့် တွန်းတင်ပေးခဲ့သည်။  ယင်းစနစ်ဖြင့် ဆောင်ရွက်ပေးမှုကြောင့်      လွိကထိ ရေထွက်မှ  ၁၁ မိုင်ခန့်အထိ ကွာဝေးသော ရှမ်း၊ ကယားနယ်စပ်က ကသန်းကူရွာ အပါအဝင် ကျေးရွာပေါင်း ၁၇ ရွာမှာ သန့်ရှင်းသော သောက်သုံးရေရရှိနေကြ ပြီဖြစ်သည်။ ငွေကျပ်သန်း ၃၂၉ ဒသမ ၅၁ သန်း သုံးစွဲဆောင်ရွက်ပေးခဲ့သည်။ ကယန်း (ပဒေါင်)   တိုင်းရင်းသားများ စုပေါင်းနေထိုင်ရာ ပန်ပက်ဒေသတွင် လွိကထိကျေးရွာ၊ ချယ်ရီကုန်းကျေးရွာ၊ ချယ်ရီကုန်းတောင်ထိပ်၊ လိင်ဆောင်ဒေး ကျေးရွာ၊ ပရက်ကူကျေးရွာ၊ ပေါကူကျေး ရွာ၊ ရွမ်းကူတောင်ထိပ်၊ ရွမ်းကူကျေးရွာ၊ ရွမ်းကူအောက် ကျေးရွာ၊ ဒေါကီးကျေးရွာ၊ ချောဒေး ကျေးရွာ၊ တိုင်းရင်းသားကုန်း၊ ပန်ပက်လမ်းဆုံ၊ ဆောင်လူကနားရွာသစ်၊ ဆောင်လူကနား ရွာဟောင်း၊ ပင်မဆောင် ကျေးရွာ၊ ကသန်းကူကျေးရွာတို့ ပါဝင်ပြီး ကယားပြည်နယ်၏  ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်  မျှော်မှန်း ဆောင်ရွက်ပေးသော  ဒေသလည်းဖြစ် သည်။  အလားတူပင်    ဖရူဆိုမြို့ပေါ် ရပ်ကွက် ငါးခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၂၅ ရွာတို့အတွက် ရေရရှိရေးလုပ်ငန်းများ ကိုလည်း စတင်အကောင်အထည်ဖော်လျက်ရှိကြောင်း     မင်္ဂလာသတင်းကို ကြားသိရသဖြင့်    ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။
ထာဝရတည်ငြိမ်အေးချမ်းရေး
ကယားပြည်နယ်သည် တစ်ချိန်က စစ်၏အနိဋ္ဌာရုံများ   ပြည့်နှက်နေသော နေရာဒေသတစ်ခုဖြစ်ခဲ့သည်။      ထိုမှ ငြိမ်းချမ်းရေးကို     လိုလားကြသော ပြည်နယ်သူ           ပြည်နယ်သားများ၊ နိုင်ငံတော်အစိုးရ၏          စေတနာကို နားလည်     သဘောပေါက်လာခဲ့သော တိုင်းရင်းသား   လက်နက်ကိုင်အဖွဲ့ အစည်းများကြောင့် နှစ်ကာလရှည်ကြာ စွာ တည်ငြိမ်အေးချမ်းသော ပြည်နယ် တစ်ခု ဖြစ်လာခဲ့သည်။ တည်ငြိမ်အေး ချမ်းမှုကို အကြောင်းပြု၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင် ခဲ့သည်။ ဆက်လက်၍လည်း  ဖွံ့ဖြိုး တိုးတက်စေချင်ပါသည်။   တစ်ချိန်က ငြိမ်းချမ်းရေး    အခြေခံကောင်းများကို စံပြုလျက်  ထာဝရတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်သော     ပြည်နယ်ကြီး ဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြစေလိုပါကြောင်း အလေးအနက် ဆန္ဒပြု           တိုက်တွန်းရေးသားလိုက် ရပါသည်။     ။