ကျွန်တော် မိုးခါးရေ မသောက်တော့ပါ

Type

မောင်မိုးသောက်

 

ကျွန်တော်တို့   တစ်လမ်းလုံးနီးပါး   လူထုဆန္ဒပြပွဲများကို  အားပေးသည်။ အချို့လည်း လမ်းမပေါ်ထွက် ဆန္ဒပြသူများကို သွားရောက်အားပေးကြသည်။ အချို့လည်း  ကိုယ်တိုင်ပါဝင် ဆန္ဒပြကြသည်။ ညစဉ်ညတိုင်း ည ၈ နာရီဝန်းကျင်ရောက်သည်နှင့် တစ်ရပ်ကွက်လုံး ဆူညံစွာထုရိုက်ကြတော့သည်။ ကျွန်တော်လည်း ပါဝင်ထုရိုက်ခဲ့ရပါသည်။


အမှန်ကိုဆိုရလျှင်   ကျွန်တော်တို့ မိသားစုသည်  နိုင်ငံရေးကိုလည်း စိတ် မဝင်စား၊   တပ်မတော်နှင့်လည်း   မပတ် သက်၊  မည်သည့်ပါတီဘက်မှလည်း မလိုက်သဖြင့်  ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက   ဘာသိဘာသာ  ကိုယ်နှင့် မဆိုင်သလို  အေးအေးလူလူ နေခဲ့ကြပါ သည်။ တစ်ရက်၊ နှစ်ရက်မှ လေး၊ ငါးရက် ခန့်ကြာသော်    ရပ်ကွက်အတွင်းမှ  မိတ်ဆွေ အပေါင်းအသင်းများ၊ လမ်းသူ လမ်းသားများက     ကျွန်တော်တို့အပေါ် တွင်  အမြင်စောင်းသလို   ဖြစ်နေကြသည် ကို တွေ့ရပါသည်။ 


“အကယ်၍များ      တို့မိသားစုကို တပ်မတော်ကလား၊   ဟိုအဖွဲ့ကလား၊    ဒီအဖွဲ့ကလားဆိုပြီး ရပ်ကွက်ကလူတွေ ရန်ရှာလာရင်၊   သတင်းပေး သူ့ဘက်သား လို့ ဖေ့စ်ဘွတ်ပေါ် တင်လိုက်ရင် ခက်ရ ချည်သေး” ဟု တွေးမိသည်။ ထို့ကြောင့် “တို့များလည်းမဖြစ်ချေဘူး”ဟု စဉ်းစားမိ ပြီး ညစဉ်ညတိုင်းသူများတန်းတူ သံပုံးထု၊ လူလူချင်းတွေ့လျှင်   လက်သုံးချောင်း ထောင်ပြ၊     ဆန္ဒပြသူများလာလျှင် လက်ခုပ်တီးအားပေး၊ ကိုယ်တိုင်လည်း ဆန္ဒပြသည့်သူများ   နောက်ကလိုက်ပါ စသည်ဖြင့်   လုပ်ခဲ့ရပါသည်။ ကျွန်တော် တို့ကဲ့သို့   အများနည်းအတိုင်း   လုပ်ကြ သည့်   ရပ်ကွက်နေပြည်သူများလည်း ရှိပါသည်။ လူတစ်ကိုယ်  စိတ်တစ်မျိုး တစ်ဦးနှင့်တစ်ဦး     ခံယူချက်မတူနိုင်ဟု ဆိုသော်လည်း ဤနေရာတွင် တူကြရပါ သည်။ “မတူရင် မသက်သာဘူးသာမှတ် တော့”ဆိုခံရမလို ဖြစ်နေပါသည်။


အများမိုးခါးရေသောက်ခဲ့ရ


“အာဏာရှင်စနစ်အလိုမရှိ၊ ဒီမိုကရေ စီရရှိရေး တို့အရေး”ဟူသည့် ကြွေးကြော် သံများမှာ      အများနှင့်ဆိုင်သဖြင့် ကျွန်တော်တို့လည်း သဘောတူ လက်ခံခဲ့ ပါသည်။ “တို့ခေါင်းဆောင်တွေ ပြန်လွှတ် ပေး၊ ရုံးမတက်နဲ့၊ ရုန်းထွက်” ကြွေးကြော် သံများ၊ သံပုံးထုရိုက်သံများမှာမူ ပုဂ္ဂိုလ် ရေးဆန်မှု၊     သဘောထားမတူသည့် ပြည်သူများအား      ကိုယ်စိတ်နှစ်ပါး အနှောင့်အယှက်   ဖြစ်စေမှုတို့ကြောင့် ဤအချက်များကို ကျွန်တော်တို့ လက်မ ခံပါ။ လက်မခံသော်လည်း  အဆိုပါအခြေ အနေ    အကြောင်းကြောင်းကြောင့် အများမိုးခါးရေသောက်ခဲ့ပါသည်။ 


နေ့စဉ်နှင့်အမျှ     လမ်းမများပေါ်မှ ဆန္ဒပြမှုဖြစ်စဉ်များတွင်   အများဆုံး ပါဝင်ကြသည်မှာ   လူငယ်လူရွယ်များ ဖြစ်ပါသည်။   ပညာတတ်လူငယ်များ ပါဝင်သလို   အခြေခံပညာအဆင့် မရှိသူ များလည်း ပါဝင်ပါသည်။ လူငယ်ဆိုသည် မှာ    ဘဝအတွေ့အကြုံ   နည်းပါးသေး သဖြင့် ကြောက်ရွံ့ခြင်းကင်းပြီး ဆင်ခြင်နိုင် မှု   အားနည်းပါသည်။   လွတ်လပ်မှု၊ တက်ကြွမှု၊ ပျော်ရွှင်မှု၊ စွန့်စားမှု အားများ ပါသည်။ လက်ရှိအခြေအနေတွင် နိုင်ငံ အတွင်း  ကိုဗစ်-၁၉   ကပ်ရောဂါ တစ်နှစ် ကြာဖြစ်ပွားခဲ့သောကြောင့် ကျန်းမာရေး ဆိုင်ရာ   စည်းမျဉ်း၊   စည်းကမ်းများကို လိုက်နာနေခဲ့ရသဖြင့်  စိတ်ထွက်ပေါက် ပိတ်နေသော  ကာလများ၊   မွန်းကျပ်နေ သော   ကာလများကို    ကျော်ဖြတ်ခဲ့ရပါ သည်။ 


ထိုအချိန်တွင်    နိုင်ငံရေးအပြောင်း အလဲတစ်ရပ်    ဖြစ်ပေါ်လာသောအခါ တစ်ချက်တည်း လှုံ့ဆော်လိုက်သည်နှင့် လောင်စာနှင့်  မီးတွေ့သကဲ့သို့ ချက်ချင်း တောက်လောင်ပါတော့သည်။ မီးလောင် နေသည်ကို  မငြှိမ်းသတ်ဘဲ  လေအားပင့် ပေးကြသဖြင့်  လောင်ကျွမ်းအားလည်း  ကောင်းလာပါသည်။ ယနေ့ နိုင်ငံရေး တောင်းဆိုမှုများတွင် CDM ကို အကောင်း ဆုံး နိုင်ငံရေးတိုက်ကွက်အဖြစ်   အသုံးချ ကြပါသည်။ ထိရောက်မည့်တိုက်ကွက်ဟု ယူဆထားကြပါသည်။   လူမှုကွန်ရက်စာ မျက်နှာပေါ်မှ   တစ်စုံတစ်ယောက်က အချက်ပေးလိုက်သည်နှင့်    ချက်ချင်း အကောင်အထည် ဖော်ကြပါသည်။


လူထုလှုပ်ရှားဆန္ဒပြမှုများ  လုပ်နေ ကြသည်။ လူအများ  လမ်းပေါ်ထွက်၍ ပျော်ပျော်ပါးပါး  ဆင်နွှဲသလို  လုပ်နေကြ ခြင်းဖြစ်သည်။     ထိုင်သပိတ်၊ ထသပိတ်၊ ဝတ်စားဆင်ယင်မှု    သပိတ်၊    အစား အသောက်       အချက်အပြုတ်သပိတ်  စသည်ဖြင့် Performance အမျိုးမျိုးဖြင့် သရုပ်ဖော်ခဲ့ကြသည်မှာ ဆန္ဒပြသည်နှင့် မတူဘဲ ဒီမိုကရေစီပျော်ပွဲရွှင်ပွဲနှင့် တူနေ ပါသည်။ ခုန်ပေါက်ကနေ ဆော့ကစားနေ ကြသည်။  မည်သို့ပင်ဖြစ်စေ   ငြိမ်းချမ်းစွာ ဆန္ဒပြကြခြင်းဖြစ်၍  အပြစ်ဆိုစရာမရှိ။  ထို့အပြင်   CDM   တိုက်ပွဲ၊  နှစ်ငါးလုံး အထွေထွေ  သပိတ်တိုက်ပွဲများဆင်နွှဲ ကြပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုသနပ်ခါး ကိုပါ  သပိတ်တိုက်ပွဲအတွင်း ထည့်သွင်းခဲ့ သည်ကို တွေ့ရပါသည်။ 


နွေဦးတိုက်ပွဲ၊  နွေဦးတော်လှန်ရေး ဆိုပြီး တိုက်ကွက်ပုံစံအကောင်အထည် ဖော်ကြပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြ နေစဉ်အချိန်က  ဒီမိုကရေစီနည်းလမ်းဖြင့် စည်းကမ်းတကျ   ဆောင်ရွက်ကြသော် လည်း နောက်ပိုင်းတွင် အကြမ်းဖက်ဆန္ဒ ပြမှု   ဖြစ်စဉ်များအဖြစ်   ပြောင်းလဲရာ မဖြစ်သင့်မဖြစ်ထိုက်သော    အနိဋ္ဌာရုံ ဆိုးကျိုးများ   ဖြစ်ပေါ်လာပါသည်။ ရှေ့တန်းမှ     တိုက်ပွဲဝင်နေကြသူများမှာ ရပ်ကွက်နေ     လူငယ်လူရွယ်များ၊ ပညာ တတ်လူငယ်များ   အဓိက   ပါဝင်ကြပါ သည်။   လက်ရှိကာလမှာ    ပုဒ်မ   ၁၄၄ ထုတ်ပြန်ထားသော    ကာလဖြစ်၍ ငြိမ်းချမ်းစွာ      ဆန္ဒပြခြင်းသည်ပင် ဥပဒေနှင့်ငြိစွန်းပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြကြစဉ်က   ပြဿနာကြီးကြီးမားမား မရှိသော်လည်း       ထိပ်တိုက်ရင်ဆိုင်   အကြမ်းဖက်ဆန္ဒပြမှုများ     ပြုလုပ်လာ သောအခါ   ဆိုးကျိုးများ  ဖြစ်ပေါ်လာ ပါသည်။


စဉ်းစားချင့်ချိန်


မြတ်စွာဘုရားရှင်က ကာလာမသုတ် တရားကို      ဟောကြားထားပါသည်။ အရာရာတွင် မိမိကိုယ်တိုင် စဉ်းစားဉာဏ် ဖြင့်     စဉ်းစားချင့်ချိန်     ယုံကြည်ပြီးမှ မှန်သည်ဟု       ကောက်ချက်ချနိုင်မှ  လုပ်ကိုင်ဆောင်ရွက်ရန် ရည်ညွှန်းထား ပါသည်။ မည်သို့သောပုဂ္ဂိုလ်က မည်သို့ ပြောသည်ဖြစ်စေ၊     မည်သည့်ကိစ္စများ မည်သို့ဖြစ်သည်ဖြစ်စေ   အမှန်/အမှား၊ အကောင်း/ အဆိုး၊ အကြောင်း/အကျိုး၊ အကျိုး/အပြစ် ကိုယ်တိုင် ချင့်ချိန်ပြီးမှသာ    လက်ခံယုံကြည်မှသာ   အကောင်းဆုံး ဘဝကို    ရရှိနိုင်မည်    ဖြစ်ပါသည်။ မည်သည့်ဆရာက  ပြောသည်ဖြစ်စေ၊ မည်သည့်ခေါင်းဆောင်က   ဆိုသည်ဖြစ် စေ ပုဂ္ဂိုလ်စွဲမပါဘဲ ကြည်ကြည်လင်လင် ရှုမြင်ရပါသည်။   မှန်ရာကို   လက်ခံပြီး မမှန်သည့်အရာကို မကျင့်သုံးမိဖို့ လိုပါ သည်။ ကျွန်တော့် ညီငယ်၊ ညီမငယ်များ အား ဆန္ဒပြထုတ်ဖော်ကြသည်ကို မလုပ် ပါနှင့်၊   မလိုက်ပါနှင့်ဟု  မတားမြစ်ပါ။ စဉ်းစားချင့်ချိန်ပြီးမှ ပါဝင်ပါဟု မှာကြား ပါသည်။


သို့သော် ယခုအချိန်အခါတွင်  မိမိ ကိုယ်တိုင်   စဉ်းစားချင့်ချိန်ခြင်း  မရှိဘဲ ကွယ်ရာမှ      နိုင်ငံရေးသမားများ၏ တွန်းအားပေးမှု၊  ပြည်ပမှ လက်ရှိအစိုးရ ကို  မကျေနပ်သူများ၊   ဖျက်လိုဖျက်ဆီး လုပ်လိုသူများ၏   အချိန်ပြည့်လှုံ့ဆော် ပေးမှု၊ ပုဂ္ဂိုလ်စွဲ၊ စိတ်ခံစားချက် အစွဲဖြင့်  ပါဝင်လာသူများ   များပြားလာသလို ကျွန်တော်တို့လို ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးနှင့် မပတ်သက်သော်လည်း အများမိုးခါးရေ သောက်သဖြင့်  သောက်ရသူများ   ပါဝင် လာကြပါသည်။  “အများ   မိုးခါးရေ သောက်ဆိုသောက်မှ”      ဆိုသည်မှာ အများမိုးခါးရေသောက်လျှင်    မိမိပါ သောက်မှ  အဆင်ပြေမည်ဆိုသကဲ့သို့ မိမိကိုယ်တိုင်     နှစ်ခြိုက်သည်ဖြစ်စေ၊ မနှစ်ခြိုက်သည်ဖြစ်စေ      အများနှင့် မဆန့်ကျင်အောင်       အများနည်းတူ ပြုလုပ်ခြင်းကို ဆိုလိုသည်။


အများညီသည့်အတွက် ကျွန်တော် တို့လည်း ခံယူချက်များကို ပြောင်းလဲ လိုက်ပါခဲ့ကြပါသည်။ ရပ်ကွက်အတွင်း၊ လမ်းအတွင်း  အများစုဆန္ဒနှင့် မတူညီ လျှင် ရန်သူအဖြစ်    သတ်မှတ်တော့မည့် သဘောရှိ၍ မလိုက်လို့လည်း  မဖြစ်ပါ ချေ။ ဒီမိုကရေစီဆိုသည့် လူထုအင်အား ကို နိုင်ငံရေးတွင် ပြောင်းလဲအသုံးချခြင်း ခံလိုက်ရသည်။   အမှန်တွင်  ဒီမိုကရေစီ စနစ်တွင်    အင်အားသည်   အမှန်တရား မဟုတ်ပေ။   တရားမျှတမှုသည်သာ အမှန်တရား ဖြစ်ပါသည်။ တရားမျှတမှု ကို အရောင်ဆိုးခံလိုက်ရသည်။  ဖန်ခွက် အတွင်းမှ  ကြည်လင်နေသော ရေသည် ချက်ချင်း     အရောင်ပြောင်းသွားသည်။ လူတစ်စုအော်လျှင် လူအများ လိုက်အော် ရသည်။ လူတစ်စု  ထုနှက်လျှင် လူအများ လိုက်၍   ထုနှက်ကြရသည်။ လူတစ်စု တားဆီးလျှင်  လူအများကပါ  တားဆီး ကြသည်။ ရေများ ရေနိုင်၊ မီးများ မီးနိုင် ဆိုသလို   ဖြစ်လာခဲ့သည်။   မိုးခါးရေကို သောက်ရမည့်အဖြစ်သို့   ရောက်ကြရ သည်။


မိုးခါးရေ မသောက်တော့ပါ


ပြည်သူလူထုဆန္ဒပြမှု တစ်လနီးပါး ကြာလာသောအခါ    စည်းကမ်းတကျ ဆန္ဒထုတ်ဖော်မှုများမှ    စည်းမဲ့ကမ်းမဲ့ ဆန္ဒပြမှုများဖြစ်လာသည်။ စည်းလွတ် ဝါးလွတ် ပြုလုပ်မှုများ၊ အနိဋ္ဌာရုံများအား မြင်တွေ့လာသဖြင့်    ကျွန်တော့်အနေဖြင့် အတော် စိတ်ညစ် စိတ်မချမ်းသာ ဖြစ်ရ သည်။ ကျွန်တော်ကဲ့သို့ မိုးခါးရေသောက် သော အခြားလူများလည်း ရှိပါလိမ့်မည်။ ယနေ့ဒီမိုကရေစီခေတ်တွင် အမှန်တရား ကို ထုတ်ဖော်ရန် ခက်ခဲသွားပြီး အများ မိုးခါးရေသောက်မှ အဆင်ပြေပါသည်။ သို့သော် ယနေ့မှစ၍ ကျွန်တော် အများ သောက်သော      မိုးခါးရေမသောက် တော့ပါ။         ။