
ဟင်္သာတ နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ မြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်မှ စိုက်ပျိုးရေးလုပ်ငန်းများအတွက် တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ကွန်ပျူတာသိပ္ပံ မဟာဌာနမှ ပြုလုပ်ရေးဆွဲခဲ့သည့် သုတေသန လုပ်ငန်းနှင့် ပတ်သက်သော ပညာ ရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ ၉ ရက်က အဆိုပါကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ် ပွဲအခမ်းအနားတွင် ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ) ကျောင်း အုပ်ကြီး ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က အမှာစကား ပြောကြားခဲ့ပြီး၊ ဒေါက်တာစိုးလဲ့ဖူးက ကွန်ပျူတာ သိပ္ပံမဟာဌာနမှ ရေးဆွဲခဲ့သော အပင်ရောဂါရှာဖွေရေးစနစ် (Plant Disease Detection System on android)အကြောင်းကို တက်ရောက် လာကြသူများအား ရှင်းလင်းတင်ပြ ခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပညာရှင် များထံမှ အကြံပြုချက်များရယူ၍ သုတေသနလုပ်ငန်း၏ အားနည်း ချက်၊ အားသာချက်များအပေါ် ပြန်လည်သုံးသပ် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
ယခု ပြုလုပ်ရေးဆွဲခဲ့သော သုတေသနလုပ်ငန်းကို နည်းပညာ ပံ့ပိုးမှုဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများတွင် ခေတ်မီနည်းပညာများ အသုံးပြု၍ အထောက်အကူပြုစေမည့် စနစ် တစ်ခုကို တည်ဆောက်နိုင်ရန်၊ မိမိ၏စိုက်ခင်းများတွင် ကျရောက် တတ်သော ရောဂါများကို ခွဲခြား သိမြင်နိုင်ပြီး ကြိုတင်ကာကွယ် နိုင်ရန်နှင့် မိမိတို့ စိုက်ပျိုးခင်းများ အတွက် အချိန်မီပြုပြင် သွားနိုင်ရန် ရည်ရွယ်ချက်များဖြင့် သုတေသန ပြုရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)ကျောင်းအုပ်ကြီးက ပြောကြား သည်။
ကိုဇော်
(ဟင်္သာတ)