ကညွတ်ကွင်းမြို့နှင့် ညောင်ပင်သာမြို့အကြား ရန်ကုန် - မန္တလေးကားလမ်းပေါ်ရှိ ငနုသန်းတံတားနှင့် ရန်ကုန်-မန္တလေးသွား မီးရထားလမ်းအား KNLA အဖွဲ့မှ အကြမ်းဖက်မှု လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်   မေ   ၁ 
အကြမ်းဖက်    အဖွဲ့အစည်းများ ဖြစ်သည့်   NUG၊ CRPH   တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်း ဖက်သမားများသည်  တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရား ဥပဒေစိုးမိုးမှုကို      ပျက်ပြားစေ ရန်   ရည်ရွယ်ချက်ဖြင့်  ရုံးဌာန အဆောက်အဦများ၊    စာသင် ကျောင်းများ၊     အများပြည်သူ နေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား   မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲ ခြင်း၊     ကျေးရွာများအတွင်း ဝင်ရောက်၍   အဖျက်အမှောင့် လုပ်ရပ်များ     လုပ်ဆောင်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ ကို        နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၂ နာရီခန့်တွင် ပဲခူး တိုင်းဒေသကြီး    ကညွတ်ကွင်း မြို့၏   အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ  ကညွတ် ကွင်းမြို့နှင့်   ညောင်ပင်သာမြို့ အကြား မိုင်တိုင်အမှတ် ၁၁၈/၀ နှင့် တံတားအမှတ်(၁၉၂) နေရာ ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ  ဒေသခံပြည်သူများ    အားထား အသုံးပြုလျက်ရှိသည့် အရှည်ပေ ၇၀ အကျယ် ၆၄ ပေ ငနုသန်းသံကူ ကွန်ကရစ်တံတားအား   KNLA အဖွဲ့မှ   အကြမ်းဖက်မှုလိုလားသူ များနှင့် PDF အမည်ခံအကြမ်းဖက် သမားများက        မိုင်းထောင် ဖောက်ခွဲမှုကြောင့်     တံတား၏ အလယ် အလျားပေ ၅၀ ခန့်နှင့် အကျယ်ပေ ၅၀ ခန့်   ပြိုကျပျက်စီး ခဲ့သည်။
အလားတူ  KNLA  အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမား များက ၎င်းတံတား၏ အနောက် မြောက်ဘက်  မီတာ  ၇၀၀   ခန့် အကွာရှိ   ရန်ကုန် - မန္တလေး မီးရထားလမ်းအား    မိုင်းထောင် ဖောက်ခွဲခဲ့မှုကြောင့် ရထားလမ်း ဟောင်း၌ ရထားလမ်းသံဘောင် နှစ်ခုမှာ ၁၀ ပေခန့် ပြုတ်ထွက် ပျက်စီး၍       ရထားလမ်းသစ် သံဘောင်နှစ်ခုမှာ  ပေ  ၂၀  ခန့် ပြုတ်ထွက် ပျက်စီးခဲ့သည်။
 အကြမ်းဖက်သမားများအနေ ဖြင့် ကျေးရွာသူ/ကျေးရွာသားများ အား သွားလာမှုခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့ လာစေရန်၊   ကုန်စည်စီးဆင်းမှု ကို    ထိခိုက်ဆုံးရှုံးမှုဖြစ်စေပြီး တည်ငြိမ်မှု       ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးနှင့်မသက်ဆိုင် သော   အများပြည်သူ   အသုံးပြု လျက်ရှိသည့် လမ်းတံတားများ အား    ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း သည် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သည်။
အဆိုပါ    မိုင်းခွဲဖျက်ဆီးမှု ကြောင့်   လက်ရှိတွင်    လူနှင့် မော်တော်ယာဉ်များ သွားလာ၍ မရကြောင်းနှင့်     လမ်းတံတား ပျက်စီးမှုများအား   သက်ဆိုင်ရာ လမ်း/ တံတားဦးစီးဌာနမှ တာဝန် ရှိသူများနှင့်     ဝန်ထမ်းများက အမြန်ဆုံး       ပြင်ဆင်နိုင်ရေး ဆက်လက်   ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့်     လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေး  စစ်ဆင် ရေး (Counter-Terrorism Ope-ration)ကို  ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း       သတင်းရရှိ သည်။
သတင်းစဉ်