ကျန်းမာသန်စွမ်းမှုရှိစေရန် ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်ရန်လိုအပ်

အသက်အရွယ် ကြီးမြင့်သူများတွင် သေဆုံးမှုနှုန်းမြင့်မားသည်ကိုတွေ့ရှိရပြီး  အသက် ၅၀ နှင့်အထက်  သေဆုံးမှု ၈၀ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးကို အသက်အရွယ်ကြီးရင့်သူများအား  ဦးစားပေးထိုးနှံစေလျက်ရှိကြောင်း၊ ယခု ကာကွယ်ဆေး ၈ သန်းရောက်ရှိပြီး ၆ သန်းကို ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ်ထိုးနှံရန် ဆေး ၂ သန်း ကျန်ရှိကြောင်း၊  တစ်ဖက်ကလည်း ကိုယ်ခံစွမ်းအားကောင်းမွန်အောင် နေထိုင်ရန်လိုအပ်မည်ဖြစ်ပြီး ကျန်းမာသန်စွမ်းမှုရှိစေရန် ကိုယ်လက်လှုပ်ရှားမှု များကိုလည်း လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် အသိပညာပေးမှုများကိုသာမက အခြေခံ ကျန်းမာရေးနှင့် ပတ်သက်သည့် ပညာပေးမှုများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ 
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၃-၈-၂၀၂၁ ရက်နေ့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၉)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး၌  ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)