ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်း

 

နေပြည်တော်  ဩဂုတ် ၁၈


ကျန်းမာရေး     ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ  စားရေးအဆင်ပြေ စေရေးအတွက်  တပ်မတော်နှင့် စေတနာရှင်    အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်း လျက်ရှိသည်။


ထိုသို့  ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် အရှေ့ ပိုင်း   ကျိုင်းတုံမြို့ရှိ  နယ်မြေခံ တပ်မတော်ဆေးရုံတွင်   တာဝန် ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် အာဟာရ ဖြည့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊   ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့နယ် အတွင်းရှိ   စေတနာ့ဝန်ထမ်းများ၊ လေးမျက်နှာမြို့ ပြည်သူ့ဆေးရုံနှင့် အိုင်သပြုတိုက်နယ်ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများကိုလည်းကောင်း၊   မန္တလေး တိုင်းဒေသကြီး      မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်    ကန် ကောက်ရပ်ကွက်    ကျန်းမာရေး ရပ်နေ ဒေသခံပြည်သူ အိမ်ထောင် စု ၂၀၀ နှင့် သပိတ်ကျင်းမြို့နယ် ပန်းပင်ကျေးရွာနေ ဒေသခံပြည်သူ အိမ်ထောင်စု ၁၆၄ စုတို့အတွက် ဆန်နှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း တိုင်းစစ်ဌာနချုပ် အသီးသီးမှ       တိုင်းမှူးများ၊ နယ်မြေခံ   တပ်မတော်သားများ၊ ဌာနဆိုင်ရာ   တာဝန်ရှိသူများနှင့် စေတနာရှင်      အလှူရှင်များက အသီးသီး သွားရောက်ထောက်ပံ့ လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်း ရရှိသည်။


သတင်းစဉ်