
နေပြည်တော် ဩဂုတ် ၁၇
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်း လျက်ရှိသည်။
သွားရောက်ထောက်ပံ့
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ မြန်မာ့စီးပွားရေး ဘဏ်၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ် လီမိတက်တို့မှ ဘဏ်ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပန်လီကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအတွက် အိမ်ဆောက်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများတွင် တက်ရောက်ဆေးကုသမှုခံယူနေသော ဒေသခံ ပြည်သူများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဝိုင်းဝန်းလုပ်ဆောင်ပေးသော စေတနာ့ဝန်ထမ်း များကို ဆန်၊ အလှူငွေနှင့် စားသောက်ဖွယ်ရာများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေး ဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရထောက်ပံ့ငွေကျပ် သိန်း ၇၈၀ နှင့် တိုင်း/ ခရိုင်/မြို့နယ် ကျန်းမာရေးဦးစီးဌာနများနှင့် ကိုဗစ် ကုသရေးစင်တာဆေးရုံများတွင် တာဝန်ထမ်းဆောင် နေသော ကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရ ထောက်ပံ့ငွေကျပ် သိန်း ၂၅၀ ကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် စေတနာရှင် အလှူရှင်များက အသီးသီး သွားရောက်ထောက်ပံ့လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်