ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်

 

နေပြည်တော် စက်တင်ဘာ  ၁၇


ကိုဗစ်- ၁၉  ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ   သွားလာမှုကန့်သတ် ချက်များကြောင့်     စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊    ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်     ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့်       စေတနာရှင် အလှူရှင်များက   စားသောက် ဖွယ်ရာများနှင့်  ရောဂါကာကွယ် ရေး အထောက်အကူပြု  ပစ္စည်း များကို  ထောက်ပံ့လှူဒါန်းလျက် ရှိသည်။


ထိုသို့    ပေးအပ်လျက်ရှိရာ ယနေ့တွင်      ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့ရှိ ပြည်သူ့ စစ်(ဌာနေ)အဖွဲ့ဝင်များနှင့်  စစ်မှု ထမ်းဟောင်း အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများကို  လည်း ကောင်း၊    ပုံပါကျင်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများ တွင်     အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသော ကျန်းမာ ရေးဝန်ထမ်းများ၊     စေတနာ့ ဝန်ထမ်းများနှင့်    ဌာနဆိုင်ရာ  ဝန်ထမ်းများအတွက်   စားသောက် ဖွယ်ရာများနှင့်      ချီးမြှင့်ငွေများကို လည်းကောင်း၊     တနင်္သာရီတိုင်း ဒေသကြီး         မြိတ်မြို့နယ်  ကော့သောင်းမြို့နယ်    ဘုတ်ပြင်း မြို့နယ်များအတွင်းရှိ     ပြည်သူ့စစ် (ဌာနေ)    တပ်ဖွဲ့ဝင်များနှင့်  ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်   မောင်းမကန်   နယ်မြေရဲစခန်းရှိ မြန်မာနိုင်ငံ     ရဲတပ်ဖွဲ့ဝင်များ နှင့်   မိသားစုဝင်များအတွက်  စားသောက်     ဖွယ်ရာများနှင့်      ချီးမြှင့်ငွေများကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး    လေး မျက်နှာမြို့ရှိ   ပြည်သူ့ဆေးရုံနှင့်   အိုင်သပြု   တိုက်နယ်ဆေးရုံရှိ ကိုဗစ်-၁၉   ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် စားသောက် ဖွယ်ရာများကို     လည်းကောင်း သက်ဆိုင်ရာ  တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက  အသီးသီး သွားရောက် ပေးအပ်ရာ     တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း   သတင်း ရရှိသည်။                

သတင်းစဉ်