ကျန်းမာရေးဝန်ကြီးဌာနသို့ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဆေးပစ္စည်းများလှူဒါန်း

 

နေပြည်တော် အောက်တိုဘာ ၁၄


ကျန်းမာရေးဝန်ကြီးဌာန၊ ကုသ ရေးဦးစီးဌာန၊ အမျိုးသားကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ထိုင်း နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (TICA) မှ ကိုဗစ်-၁၉     ရောဂါရှာဖွေရေး ဆိုင်ရာ    RT-PCR     စက်နှစ်စုံ၊ ဓာတ်ခွဲခန်းသုံး ဆေးရည်များနှင့် Negative Pressure Isolation Room (5) rooms   နှင့် Positive Pressure Isolation Chamber– Swab Units (10) units တို့အား လှူဒါန်းခြင်း        အခမ်းအနားကို ယနေ့   နံနက်   ၁ဝ  နာရီခွဲတွင်  အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန     ရန်ကုန်မြို့တွင် ကျင်းပသည်။

 


လှူဒါန်းပွဲသို့     မြန်မာနိုင်ငံ ဆိုင်ရာထိုင်းသံရုံး (Royal Thai Embassy   of  Myanmar)  မှ သံအမတ်ကြီး     H.E.    Mrs. Suphatra Srimaitreephithak ၊ အမြဲတမ်းအတွင်းဝန် Ms. Chana Sindhvananda နှင့် ပထမအတွင်း ဝန် Mr. Wuthikiat Chaicharna တို့တက်ရောက်ပြီး  ကျန်းမာရေး ဝန်ကြီးဌာနမှ ပါမောက္ခ ဒေါက်တာ ဌေးဌေးတင်၊    ပါမောက္ခချုပ်၊ ဆေးဘက်ဆိုင်ရာ        နည်းပညာ တက္ကသိုလ်(ရန်ကုန်)၊ ဒေါက်တာ ကျော်ရွှေ၊   ပါမောက္ခချုပ်၊  ဆေး တက္ကသိုလ်(၁)၊ ရန်ကုန်၊ ဒေါက်တာ သီတာလှ၊ ပါမောက္ခချုပ်/ ဆေးရုံ အုပ်ကြီး၊  ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးနှင့်   အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ညွှန်ကြား ရေးမှူး ဒေါက်တာ အယ်ထူးဖေနှင့် ဒေါက်တာ ဆွေဆက်၊ အထူးကု ဆရာဝန်ကြီးများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

 


ရှေးဦးစွာ အမျိုးသားကျန်းမာ ရေး      ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ပါမောက္ခ   ဒေါက်တာ   ဌေးဌေး တင်က အဖွင့်အမှာစကားပြော ကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်း နိုင်ငံသံအမတ်ကြီးက ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ      ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့  (TICA)  မှ ယခုကဲ့သို့ ကူညီပံ့ပိုးမှုများအပြင် အောက်ဆီဂျင်အရည်များ ထောက် ပံ့ပေးနိုင်မှု၊ ဆရာဝန်၊ သူနာပြုနှင့် ဓာတ်ခွဲပညာရှင်များ ထိုင်းနိုင်ငံ၌ ရက်တိုရက်ရှည်       ဘာသာရပ် အလိုက် သင်တန်းပေးနိုင်မှု အခြေ အနေများ၊ ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံကြား နယ်စပ်ချင်းထိစပ်နေ သည့် တနင်္သာရီတိုင်းဒေသကြီး တစ်လျှောက် ခုတင် (၅၀)မှ ခုတင် (၅၀၀)အထိ ပြည်သူ့ဆေးရုံကြီး များတွင်  မီးစက် (Generators) များ ထောက်ပံ့ပေးနိုင်မှုလုပ်ငန်း စဉ်များကို    ရှင်းလင်းပြောကြား ခဲ့ပြီး    ကျန်းမာရေးဝန်ကြီးဌာန နှင့်    ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း  ပြောကြားသည်။

 


ဆက်လက်၍    ရန်ကုန်မြို့ ဗဟို     ဆေးသိုလှောင်ရေးဌာန (Central Medical Store Depot) ၌   ၃-၁၀-၂၀၂၁   ရက်နေ့တွင် ရောက်ရှိ  သိမ်းဆည်းထားသော    Negative   Pressure Isolation Room (5) rooms  နှင့် Positive Pressure Isolation Chamber– Swab Units (10) units တို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန၊ ရန်ကုန်မြို့မှ မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး ထံသို့   ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စား    ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်