
နေပြည်တော် ဖေဖော်ဝါရီ ၁၅
Zeya & Associates Co.,Ltd မှ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာ ရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာနရှိ ဆေးတက္ကသိုလ်ငါးခုတွင် အသုံးပြုရန် မှန်ပြောင်းနှင့် ခွဲစိတ် ကုသခြင်းအတွက် သင်ကြားရေး အထောက်အကူပြု မှန်ပြောင်း ကြည့် ခွဲစိတ်ကုသမှုနည်းပညာ လေ့ကျင့်ရေးစက် (Laparoscopic Simulator)ငါးစုံ ပေးအပ်လှူဒါန်း ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်း၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ဆေးတက္ကသိုလ်ငါးခုမှ ခွဲစိတ်ကုပညာဌာန ပါမောက္ခ၊ ဌာနမှူးများနှင့် Zeya & Asso-ciates Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ပြည်သူလူထု အား အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုပေး နိုင်ရန်အတွက် ယခုကဲ့သို့ ခေတ်မီ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ အထူးပင်လိုအပ်သည့် အပြင် ကျန်းမာရေးစောင့်ရှောက်မှု ပေးမည့် ဆရာဝန်များအနေဖြင့် နိုင်ငံတကာအဆင့်မီ ခွဲစိတ်ကုသမှု နည်းပညာများ တတ်ကျွမ်းနေစေ ရန်အတွက် လေ့ကျင့်ရေးပစ္စည်းများလိုအပ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် မှန်ပြောင်းကြည့်ခွဲစိတ် ကုသမှု (Laparoscopic Surgery)များ ဆောင်ရွက်နိုင်ရန် လိုအပ် သော ခေတ်မီပစ္စည်းများကို ဖြည့်ဆည်းပေးထားသည့်အတွက် ထိရောက်အကျိုးရှိစွာ အသုံးပြုရန် လိုကြောင်း၊ နိုင်ငံတော်ကလည်း မူဝါဒများဖြေလျှော့ပေးပြီး ပုဂ္ဂလိက အခန်းကဏ္ဍ တိုးတက်စေရန် အားပေး ဆောင်ရွက်လျက်ရှိ ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် Zeya & Associa-tes Co.,Ltd မှ Deputy Managing Director ဒေါက်တာခိုင်ခိုင်မြင့် က Laparoscopic Simulator ငါးစုံကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ယင်းနောက် Zeya & Asso-ciates Co.,Ltd မှ Deputy Mana-ging Director ဒေါက်တာ ခိုင်ခိုင် မြင့်က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း ၍ ရှင်းလင်းပြောကြားပြီး ကျန်းမာ ရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်