ကျန်းမာရေးဝန်ကြီးဌာနသို့ အလှူရှင်များက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆက်စပ်ပစ္စည်းများလှူဒါန်း

 

 

နေပြည်တော်   စက်တင်ဘာ  ၂၈


ကျန်းမာရေးဝန်ကြီးဌာနသို့        အလှူရှင်များမှ ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး  လုပ်ငန်းများတွင် အသုံးပြုရန်  ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို  ယနေ့  နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန   COVID-19    Central Command Center ၌ ကျင်းပသည်။
အခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်  ဆက်စပ်ပစ္စည်းများ   လှူဒါန်းရခြင်းနှင့်ပတ်သက်၍     Myanmar Quarry-Infrastructure Development    Public  Company Limited  နှင့်  Novel  Shinning Star Company Limited တို့မှ တာဝန်ရှိသူများက   ရှင်းလင်းပြောကြားသည်။
မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်
ထို့နောက်    ကိုဗစ်-၁၉   ရောဂါ    ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများတွင်  အသုံးပြုရန် Myanmar Quarry-Infrastructure     Development    Public Company Limited မှ Oxygen Concen-trator (10 L) အလုံး ၁၀၀၊ Novel Shinning   Star Company Limited မှ PPE (Level-3) ဝတ်စုံ  ၂၀၀၊ Pulse Oximeter အလုံး ၁၀၀ နှင့် Oxygen   Con-centrator  ငါးလုံးကို  လွှဲပြောင်းပေးအပ်လှူဒါန်း ရာ   ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  သက်ခိုင်ဝင်းက  လက်ခံရယူ၍ ဂုဏ်ပြု       မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ 
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက   ကိုဗစ်-၁၉    ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်       ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ဝမ်းမြောက်စကား  ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။                        သတင်းစဉ်