
နေပြည်တော် အောက်တိုဘာ ၁၂
ကျန်းမာရေးဝန်ကြီးဌာနသည် ကုသရေးဦးစီးဌာနမှ ပါမောက္ခ ဒေါက်တာခင်မောင် ဦးစီး၍ သွားနှင့် ခံတွင်း အထူးကုဆရာဝန်များ၊ သွားတုကျွမ်းကျင်သူများ၊ သွားဘက်ဆိုင်ရာသူနာပြုများနှင့် စေတနာ့ဝန်ထမ်းများ အပါအဝင် စုစုပေါင်း ၃၂ ဦးပါဝင်သည့် ဆေးကုသရေးအဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလားဒေသအတွင်းရှိ မိုင်းလား၊ မိုင်းဆော၊ ဆမ်တောက်၊ ဆီလူးဒေသများတွင် နေထိုင်ကြသော ဒေသခံတိုင်းရင်းသားများကို သွားနှင့်ခံတွင်း ကျန်းမာ ရေး စောင့်ရှောက်မှုဆိုင်ရာများ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အသိ ပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ခြင်းနှင့် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သွားတု (အံပုံ/အံကပ်) များ တပ်ဆင်ပေးခြင်း လုပ်ငန်းများကို စက်တင်ဘာ ၇ ရက်မှ ၂၃ ရက်အထိ လူနာစုစုပေါင်း ၁၇၅၅ ဦး ကိုကုသမှု ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။
ခရီးစဉ်အတွင်း မိုင်းလားမြို့ရှိ တိုင်းရင်းသားကွင်း (ညောင် သုံးပင်) ခန်းမ၌ စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ သက်ကြီး ရွယ်အို ၅၁ ဦးကို သွားအတု (အံကပ်) များ တပ်ဆင်ပေးခြင်း နှင့် လူနာပေါင်း ၃၄၆ ဦးကို ကုသ ပေးခြင်း၊ မိုင်းဆောတွင် သက်ကြီး ရွယ်အို ၆၁ ဦးကို သွားတု (အံကပ်) များ တပ်ဆင်ပေးခြင်းနှင့် စက်တင် ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ လူနာစုစုပေါင်း ၅၂၆ ဦးကို ကုသ ပေးခြင်း၊ မိုင်းဆောရှိ မူလတန်း ကျောင်းသို့သွားရောက်၍ ကျောင်း သား ၁၆၀ အား စနစ်မှန်သွားတိုက် ခြင်းကို ကျောင်းဆရာ ဆရာမများ ပါဝင်၍ သင်ကြားပြသပြီး အတူ တကွ ပုံစံကျသည်အထိ သင်ကြား ပေးခြင်း၊ ကျိုင်းခမ်းတွင် စက်တင် ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ သက်ကြီးရွယ်အို ၃၁ ဦးကို သွားတု (အံကပ်) များ တပ်ဆင်ပေးခြင်းနှင့် လူနာပေါင်း ၂၆၈ ဦးကို ကုသမှုပေး ခြင်း၊ စက်တင်ဘာ ၁၉ ရက်တွင် ကျိုင်းခမ်းရှိ မူလတန်းကျောင်း နှစ်ကျောင်းသို့ သွားရောက်ပြီး ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၅၀ ကို စနစ်မှန်သွားတိုက်ခြင်း သင်ကြားပြသ၍ ဆီလူးတွင် စက်တင်ဘာ ၂၀ ရက်မှ ၂၂ ရက် အထိ သက်ကြီးရွယ်အို ၅၈ ဦးကို သွားတု(အံကပ်) များ တပ်ဆင် ပေးခြင်းနှင့် လူနာစုစုပေါင်း ၆၁၅ ဦးကို ကုသမှုများပေးခြင်း၊ ဆီလူး ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၈၅၀ ကျော်ကို စနစ်မှန်သွားတိုက် ခြင်း လုပ်ငန်းကို သင်ကြား ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်