ကျန်းမာရေးနှင့်ကိုက်ညီသည့် သန့်ရှင်းလတ်ဆတ်သော အသားများကို စျေးနှုန်းသက်သာစွာဖြင့် လုံလောက်စွာဝယ်ယူနိုင်ရေးသည် အရေးကြီး မွေးမြူရေးထုတ်ကုန်များကို တိုင်းဒေသကြီးအတွင်းသာမက ပြည်ပသို့တင်ပို့နိုင်ရေး ရည်မှန်းလုပ်ဆောင်

 

မုံရွာ  စက်တင်ဘာ   ၁၉


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၈ ရက်က စစ်ကိုင်းမြို့နယ် မာလဲတော ကျေးရွာရှိ မိုးပျံနဂါးကုမ္ပဏီလီမိတက် ဘက်စုံမွေးမြူရေးခြံသို့ ရောက်ရှိရာ ခြံတာဝန်ခံ ဦးသက်ပိုင်ဖြိုးက  ဘက်စုံမွေးမြူရေးခြံ  မြေဧက  ၃၀ တွင်   ဧက  ၂၀ အား  စိုက်ပျိုးရေးအတွက်  အသုံးပြုထားပြီး  ကျန်မြေ  ၁၀ ဧကကို မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ထို့နောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်      ဦးမြတ်ကျော်က လူတိုင်းအတွက် ကျန်းမာရေးနှင့် ကိုက်ညီသည့် သန့်ရှင်းလတ်ဆတ် သော   အသားများကို   စျေးနှုန်း သက်သာစွာဖြင့်     လုံလောက်စွာ ဝယ်ယူနိုင်ရေးသည် အရေးကြီးပါ ကြောင်း၊   မွေးမြူရေးထုတ်ကုန် များကိုလည်း    ဒေသခံများနှင့် တိုင်းဒေသကြီးအတွင်း   သာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး အတွက်ပါ ရည်မှန်းလုပ်ဆောင်ရန် လိုအပ်ကြောင်း၊  ရှင်းလင်းတင်ပြ ချက်များအပေါ် လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်      ဆောင်ရွက်ပေးကာ ဘက်စုံမွေးမြူရေးခြံအတွင်းဒေသ နွားပြာစိမ်း အကောင်ရေ ၁၉၇ ကောင်၊    CP ဝက်  အကောင်ရေ     ၁၀၆၇  ကောင်၊    ဂျိတ်နီ   ဆိတ် အကောင်ရေ ၇၈ ကောင်၊တိုင်းရင်း ကြက်အကောင်ရေ  ၂၉၂ ကောင်၊ မွေးမြူထားရှိမှုနှင့် နေဗီယာမြက် ကိုးဧက      စိုက်ပျိုးထားရှိမှုတို့ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ သည်။


ယင်းနောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည်   စစ်ကိုင်း မြို့နယ်   အုန်းတောကျေးရွာရှိ သဇင်ပန်း    ကြက်မွေးမြူရေးခြံ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ခြံတာဝန်ခံ ဦးဆန်းယု က  အသား တိုးကြက်   ကောင်ရေ   ၃၈၀၀၀ မွေးမြူထားရှိမှု    လုပ်ငန်းများနှင့် ပတ်သက်၍      ရှင်းလင်းတင်ပြ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို     တာဝန်ရှိ သူများနှင့်  ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးသည်။


 ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများ သည်  ကျောက်ဆည်ကျေးရွာရှိ ဝက်မွေးမြူရေးခြံ  တည်ဆောက် ရေး ရှင်းလင်းဆောင်သို့  ရောက်ရှိ ရာ  ခြံတာဝန်ခံ    ဦးဆန်းယုက ဝက်မွေးမြူရေးခြံ တည်ဆောက် နေမှု လုပ်ငန်းများနှင့်   ပတ်သက် ၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသ ကြီး    ဝန်ကြီးချုပ်က    လိုအပ် သည်များကို    တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးကာ   ဝက်မွေးမြူရေးခြံ     တည်ဆောက်နေမှုကို     ကြည့်ရှု စစ်ဆေးကြောင်း    သတင်းရရှိ သည်။


တိုင်းဒေသကြီး(ပြန်/ဆက်)