
နေပြည်တော် ဇွန် ၂၇
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိ ပညာများ၊ လိုက်နာဆောင်ရွက် ရန် အချက်အလက်များနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် သိရှိလိုသည်များကို အချိန်နှင့် တစ်ပြေးညီ ပြန်လည်ဖြေကြား နိုင်ရန်အတွက်(၂၂-၆-၂၀၂၁)ရက် နေ့၊ နံနက်(၀၈၀၀)နာရီမှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ရုံးအမှတ်-၄၊ နေပြည်တော် တွင် သတင်းအချက်အလက် များ မေးမြန်းစုံစမ်းရန်ဌာန (Call Center)အား ဖွင့်လှစ်ထားရှိလျက် ရှိပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများ အနေဖြင့် မိမိတို့ သိရှိလိုသည့် ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ အချက် အလက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်း အချက်အလက်များ မေးမြန်း စုံစမ်းရန်ဌာန (Call Center)ရှိ အောက်ဖော်ပြပါ ဖုန်းနံပါတ်များ သို့ နေ့စဉ် နံနက်(၀၈၀၀)နာရီမှ ည (၂၁၀၀) နာရီအတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါ ကြောင်း သတင်းရရှိပါသည် -
(၁) ၀၆၇- ၃၄၁၁၅၀၈
(၂) ၀၆၇- ၃၄၁၁၅၀၉
(၃) ၀၆၇- ၃၄၁၁၁၄၄
(၄) ၀၉- ၈၈၂၅၅၇၉၉၁
(၅) ၀၉- ၈၈၂၅၅၇၉၉၂
(၆) ၀၉- ၈၈၂၅၅၇၉၉၃
သတင်းစဉ်