ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ အကြံပြုချက်များဖြင့် အသုံးပြုခြင်းသာ အကောင်းဆုံး

အောက်ဆီဂျင်နှင့် ပတ်သက်၍ လူအများစိတ်ဝင်စားလျက်ရှိပြီး အောက်ဆီဂျင်ပေး၍ ကုသသည်ဆိုသော်လည်း  လိုအပ် သည့် သူများကိုသာ အောက်ဆီဂျင်ပေးကုသရသည်ဖြစ်ကြောင်း၊ သို့သော်လည်း ပြည်သူလူထုအနေဖြင့်  ကောလာဟလ သတင်းများကြောင့် စိုးရိမ်ပူပန်ပြီး အောက်ဆီဂျင်များကို ဝယ်ယူသိုလှောင်ခြင်း၊ တစ်ဆင့်ခံရောင်းချခြင်းများ  လုပ်ဆောင် နေကြသည်ကို တွေ့ရှိရကြောင်း၊ အောက်ဆီဂျင်ကို ဆေးရုံများနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏ အကြံပြုချက် များဖြင့် အသုံးပြုခြင်းသာ   အကောင်းဆုံးဖြစ်မည်ဖြစ်ကြောင်း၊   ပြည်သူ့ဆေးရုံများ၊  တပ်မတော်ဆေးရုံများ၊   စက်ရုံ၊ အလုပ်ရုံများရှိ Oxygen Plant များမှ အောက်ဆီဂျင်များ ထုတ်လုပ်ပေးလျက်ရှိသည့်အပြင်   ထိုင်းနိုင်ငံနှင့်   တရုတ်နိုင်ငံ တို့မှလည်း liquid အောက်ဆီဂျင်နှင့် အောက်ဆီဂျင်အိုးများကို နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့်  တင်သွင်းပေးလျက် ရှိကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၈-၇-၂၀၂၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)