ကျန်းမာရေးအတွက် နည်းလမ်းကောင်းတစ်လက်

 

ဟန် (ပညာရေး)

လူတို့သည် ကျန်းမာရေးကောင်းချင်ကြသည်။ အသက်ရှည်ချင်ကြသည်။ သို့သော် ကျန်းမာရေးကောင်းဖို့၊ အသက်ရှည်ဖို့အတွက် ကျန်းမာရေးနည်းလမ်းများကိုတော့လိုက်နာရန် မေ့လျော့နေတတ်ကြသည်၊ မကျန်းမာမှသာ ဆေးရုံ၊ ဆေးခန်း အပြေးအလွှားသွားကြသည်။ စစ်မဖြစ်မီက စစ်ပွဲအတွက် ကြိုတင်ပြင်ဆင် ထားရသကဲ့သို့ လူတို့သည်လည်း   ကျန်းမာရေးကောင်းစဉ်ကပင်   ကျန်းမာရေးကိုယ်ခံအားကောင်းအောင်    ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။ သို့မှသာ ကျန်းမာရေးမကောင်းလျှင် ကျရောက်လာသောရောဂါကို တွန်းလှန်ခုခံနိုင်စွမ်းရှိမည်ဖြစ်ပေသည်။
ကြိုတင်ပြင်ဆင်ထား
  ကျန်းမာရေးကောင်းစဉ် ကြိုတင်ပြင်ဆင်ထား သင့်သော   နည်းလမ်းများအနက်   နံနက်စောစော လမ်းလျှောက်ပေးခြင်းသည်       အကောင်းဆုံး နည်းလမ်းတစ်ခုပင်   ဖြစ်ပါသည်။   နံနက်စောစောလမ်းလျှောက်ပေးခြင်းဖြင့် မိုးသောက်နံနက်ခင်း၏ အေးမြသော အရသာကို  ခံစားရင်း  နံနက်ခင်း၏ သန့်ရှင်းလတ်ဆတ်သောလေကိုလည်း  ရှူရှိုက်နိုင်ပါ သည်။    နံနက်စောစော   နေမထွက်မီအချိန်   (သို့)နေထွက်ခါနီးအချိန် လမ်းလျှောက်ခြင်းသည် ပို၍ပင် ကောင်းမွန်ပါသည်။    နံနက်ခင်းနေရောင်ခြည်ကို ထိတွေ့လမ်းလျှောက်ခြင်းသည်         ကိုယ်ခန္ဓာ ကျန်းမာရေးအတွက်လည်း        ပို၍အထောက်အကူ ဖြစ်စေနိုင်ပါသည်။
 တစ်ဖန်နံနက်စောစော       လမ်းမလျှောက်မီ နာရီဝက်   (သို့)   တစ်နာရီခန့်   တရားထိုင်  ဝင်လေ ထွက်လေ ရှုမှတ်ပြီး လမ်းလျှောက်လျှင်သာ၍ပင် ကောင်းမွန်ပါသည်။ ကျွန်တော်သည် နေ့စဉ်နံနက် ၅ နာရီမှ  ၆ နာရီအထိ  တရားထိုင်  ဝင်လေထွက် လေရှုမှတ်ပြီး   ၇    နာရီ      ပတ်ဝန်းကျင်အထိ လမ်းလျှောက်ထွက်ပါသည်။    လမ်းလျှောက်က ပြန်လာသောအခါမှာလည်း လက်ဖက်ရည်သောက် ပန်းကန်းထဲ    လက်ဖက်စားဇွန်းဖြင့်    ပျားရည် တစ်ဇွန်း၊ သံပရာရည်တစ်ဇွန်း၊ ရေနွေးဖြူ နှစ်ဇွန်းခန့် ရောမွှေပြီး သောက်လိုက်ပါသည်။
လမ်းမလျှောက်မီ တရားထိုင် ဝင်လေ ထွက်လေ ရှုမှတ်ခြင်းဖြင့်    လမ်းလျှောက်ရာတွင် ပိုမိုသွက်လက် ပေါ့ပါးစေသည့်အပြင်     စိတ်တည်ငြိမ်မှုကိုလည်း ရစေပါသည်။  ဝင်လေထွက်လေ   ရှုမှတ်ခြင်းသည် လေကို  ပုံမှန်ရှူသွင်းထုတ်လုပ်နေရသောကြောင့် နှလုံးကို ပိုမိုသန်မာစေသည့်အပြင် အဆုတ်ကိုလည်း အားကောင်းစေပါသည်။ သွေးလည်ပတ်မှုကောင်းပြီး အသားအရေ       ကြည်လင်စိုပြည်စေသည်သာမက အာရုံစူးစိုက်မှု   ပိုကောင်းပြီး  မှတ်ဉာဏ်ကိုလည်း တိုးတက် ကောင်းမွန်စေပါသည်။ ထို့ပြင် ခန္ဓာကိုယ် ကိုလည်း အနားရစေပါသည်။ 
ဝင်လေထွက်လေ ရှုမှတ်
တရားထိုင်  ဝင်လေထွက်လေ ရှုမှတ်ပြီးသော အခါ လမ်းလျှောက်ရန်အတွက် အိမ်အပြင်ကို ထွက် လိုက်သည်နှင့် စိတ်သည် ပေါ့ပါးလွတ်လပ်သွားသလို ခံစားရသည်။ လမ်းလျှောက်ရာတွင် လမ်းပေါ်ထွက် လျှောက်မှ မဟုတ်ပါ။ မိမိအနီးနားတွင် ရှိနေသော ဘောလုံးအားကစားကွင်း၊    ဂေါက်ရိုက်ကွင်းများ တွင်လည်း အဆင်ပြေလျှင် လျှောက်လို့ရနိုင်ပါသည်။ လမ်းလျှောက်ရာတွင် ပြေးခြင်းမဟုတ်ဘဲ ခပ်သွတ် သွတ်လျှောက်လျှင် ပိုကောင်းပါသည်။ လမ်းလျှောက် ခြင်းဖြင့် စိတ်ဓာတ်ကျမှုကင်းဝေးစေခြင်း၊ စိတ်ဖိစီးမှု လျော့ပါးစေခြင်း၊    စိတ်ချမ်းသာမှု၊    မိမိကိုယ်ကို ယုံကြည်စေမှု   တိုးတက်စေသည့်အပြင်  လုပ်ငန်းခွင် များတွင် တက်တက်ကြွကြွ လုပ်ကိုင်လိုစိတ်ရှိလာ ခြင်း၊   ပြင်ပလတ်ဆတ်သောလေကို   ရှူရှိုက်ရသည့် အတွက် စိတ်ကြည်လင်လန်းဆန်းမှုကို ဖြစ်စေသည့် အပြင်    သွေးအတွင်း   အောက်ဆီဂျင်ကိုရသည့် အတွက် အဆုတ်ကို ပိုမိုအားကောင်းစေနိုင်ပါသည်။  
ထို့ပြင်  ညအခါမှာလည်း    နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း၊     နေ့စဉ်လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ် ပေါ့ပါးသွက်လက်မှုကို ရစေသည့်အပြင် အရိုးအဆစ်များကိုလည်း ပိုမိုခိုင်မာစေနိုင်ပါသည်။ အရိုးကြီးပေါင်းနှင့် အဆစ်ရောင်နာကျင်ခြင်းများကို လည်း လျော့ပါးစေနိုင်ပါသည်။ လမ်းလျှောက်ခြင်း ကြောင့်     ခန္ဓာကိုယ်အလေးချိန်   လျော့ကျစေပြီး အဆီထုကိုပါ လျော့ပါးသွားစေနိုင်ပါသည်။ ထို့ပြင် လမ်းလျှောက်ခြင်းကြောင့် ဦးနှောက်၏ လုပ်ဆောင်မှု ကို အကျိုးသက်ရောက်စေသည့်အတွက် သူငယ်ပြန် ခြင်း၊ အယ်ဇိုင်းမားရောဂါနှင့် ဦးနှောက်သွေးကြော ပြတ်ခြင်း စသည်တို့ကိုလည်း ကာကွယ်နိုင်ကြောင်း လေ့လာသိရှိရသည်။       အစာခြေစနစ်ကိုလည်း ကောင်းမွန်စေသည့်အပြင် သွေးကြောတိုင်းကိုလည်း သန်မာစေပါသည်။
အထောက်အကူပေးနိုင်
ထို့ပြင် လမ်းလျှောက်ကအပြန် လက်ဖက်စား ဇွန်းဖြင့်   ပျားရည်တစ်ဇွန်း၊   သံပရာရည်  တစ်ဇွန်း၊ ရေနွေးဖြူ နှစ်ဇွန်း ရောမွှေပြီး အစားအသောက်များ မစားမီ          နေ့စဉ်ပုံမှန်    သောက်သုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် များစွာ   အထောက်အကူပေးနိုင် ပါသည်။ ဥပမာအဝလွန်ခြင်းနှလုံးနှင့်   သွေးကြော အဆီပိတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုး ခြင်းတို့ကို ကာကွယ်ပေးနိုင်သည်ဟု ဆိုပါသည်။
ထို့ကြောင့် ကျန်းမာပြီး အသက်ရှည်ရှည်နေထိုင် လိုလျှင်     ကျန်းမာရေးအတွက်   အကောင်းဆုံး နည်းလမ်းကတော့           အရင်းအနှီးမများသည့် လေ့ကျင့်ခန်းတစ်ခုဖြစ်သည့်   နေ့စဉ်နံနက်စောစော လမ်းလျှောက်သင့်ပါကြောင်း         အကြံပြုရေးသား တိုက်တွန်းလိုက်ရပါသည်။      ။