ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါဖြစ်ပွားလျှင် ရောဂါပြင်းထန်သည့်လူနာ (၂၀%)ခန့်သည် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူရန်လိုအပ်ပြီး အဆိုပါ (၂၀%)တွင် (၅%)ခန့်သည် အထူးကြပ်မတ်ကုသမှုခံယူရပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။


နောက်ဆက်တွဲ ရေရှည်ဆိုးကျိုးများအနေဖြင့် - 


•    နှလုံးကြွက်သားများထိခိုက်ပျက်စီးပြီး    နှလုံးကောင်းစွာအလုပ်မလုပ်နိုင်တော့ခြင်းနှင့် အခြားနှလုံးရောဂါများ ခံစားလာရနိုင်ခြင်း၊


•    အဆုတ်အတွင်းရှိ   လေအိတ်ငယ်များကိုပျက်စီးစေပြီး   အဆုတ်တွင်  အမာရွတ်များကျန်ခဲ့၍ နောက်ဆက်တွဲ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြင်း၊


•    ဦးနှောက်နှင့်အာရုံကြောရောဂါများဖြစ်သော လေဖြတ်ရောဂါ၊ အတက်ရောဂါ၊ ယာယီ အကြောသေရောဂါ(Guillain-Barre syndrome) များ ဖြစ်ပွားခြင်းနှင့် ပါကင်စန်ရောဂါ  (Parkinson )နှင့် အယ်ဇိုင်းမား (Alzheimer) ရောဂါများ ဖြစ်ပွားနိုင်ခြေမြင့်တက်ခြင်း၊


•    ခန္ဓာကိုယ်ရှိ   သွေးကြောများအတွင်း   သွေးခဲခြင်းများဖြစ်ပေါ်၍  ဦးနှောက်သွေးခဲခြင်း၊ နှလုံးသွေးကြောများပိတ်ခြင်း၊ ခြေထောက်သွေးပြန်ကြောများပိတ်ခြင်း (Deep Vein Thrombosis) တို့အပြင် အသည်းနှင့်ကျောက်ကပ်ရောဂါများ ဖြစ်ပွားခြင်း၊


•    ရောဂါများပြန်လည်သက်သာလာသော်လည်း        အထူးကြပ်မတ်ကုသဆောင်တွင် ကာလရှည်ကြာ ကုသမှုခံယူခဲ့ရသည့်အတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်စိတ်များခြင်းတို့ ဖြစ်ပွားနိုင်ပါသည်။


•    သက်ကြီးဘိုးဘွားများနှင့်       နာတာရှည်ရောဂါရှိသူများတွင်     အလွန်အမင်းမောပန်းခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲ ခြင်း စသည့် ရောဂါလက္ခဏာများကို ပိုမိုပြင်းထန်စွာ ကာလရှည်ကြာ ခံစားရနိုင်ပါသည်။