ကျန်းမာကြံ့ခိုင်သည့် အနာဂတ်လူချွန်လူကောင်းများပေါ်ထွက်လာစေရန် အခြေခံကျသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုခိုင်မာလာအောင် အားလုံးက ပူးပေါင်းဆောင်ရွက်

 

မန္တလေး  ဩဂုတ် ၂၁
“မိခင်နို့ချို  တိုက်ကျွေးဖို့ အားလုံး ကူညီပံ့ပိုးစို့” ဟူသည့်  ဆောင်ပုဒ် နှင့်အညီ ၂၀၂၄ ခုနှစ် ကမ္ဘာ့ မိခင်နို့  တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် များ     မန္တလေးတိုင်းဒေသကြီး အဆင့်    အထိမ်းအမှတ်အခမ်း အနားကို    ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ  မန္တလေး မြို့တော်      စည်ပင်သာယာရေး ကော်မတီရုံး    မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်   ဦးမျိုးအောင်က အာဟာရပြည့်ဝခြင်းသည်   လူ တစ်ဦး တစ်ယောက်၊    မိသားစု တစ်စုကစ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်မှုအတွက်   အရေးပါသည့် ကဏ္ဍတွင် ပါဝင်ကြောင်း၊ နေ့စဉ်  စားသုံးနေသော အစားအစာများ သန့်ရှင်းပြီး  လိုအပ်သောအာဟာရ ဓာတ်များ     ပြည့်ဝရန်    လိုအပ် ကြောင်း၊      ကိုယ်ဝန်ဆောင်မိခင် များ၊   နို့တိုက်မိခင်များ၊    မွေးစ ကလေးများနှင့်   အသက်ငါးနှစ် အောက်      ကလေးများသည် အာဟာရ ချို့တဲ့မှုကို    ထိခိုက်ခံစား လွယ်သော      အုပ်စုဖြစ်ကြောင်း၊ ပြည်သူလူထုအတွင်း    အာဟာရ ဖွံ့ဖြိုးရေးဆိုင်ရာ   အသိပညာများ တိုးတက်စေရန်၊ ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်    ဆောင်ရွက်ရန် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး  ရက် သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်     အထိမ်းအမှတ် အခမ်းအနားများကို  ကျင်းပခြင်း ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်သည့် အနာဂတ်လူချွန် လူကောင်းများ ပေါ်ထွက်လာစေရန် အခြေခံကျ ပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုး ရေး   လုပ်ငန်းများကို   အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုများ နှင့်အတူ   ပိုမိုခိုင်မာလာအောင် အားလုံးက      ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည်   ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍   ၂၀၂၄   ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက် သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု ဗီဒီယို ပြသခြင်းကို  ကြည့်ရှု၍  အခြေခံ ပညာ        အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများ၌ ဆုရရှိသည့်  ကျောင်း သား ကျောင်းသူများကို တိုင်းဒေသ ကြီး    ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ဆုများချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်    အဖွဲ့ဝင်များသည်  အသက် ငါးနှစ်အောက်  ကလေး များအား အင်အားပြည့် ဗီတာမင် အေဆေးများ    တိုက်ကျွေးကာ ကိုယ်ဝန်ဆောင်    မိခင်များအား အဏုအာဟာရဆေးများ၊  အမှတ် တရ    လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး  အထိမ်း အမှတ်        ပြခန်းငယ်များကို    လှည့်လည်ကြည့်ရှု       အားပေးခဲ့ ကြောင်း သိရသည်။      

သတင်းစဉ်