ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံ ၇၈၅၉၈ ဧက စိုက်ပျိုးနိုင်

 

ကျွန်းလှ   စက်တင်ဘာ   ၈


စစ်ကိုင်းတိုင်းဒေသကြီး     ကျွန်းလှမြို့နယ် တွင်  စိုက်ပျိုးရေးကို   အဓိကထား လုပ်ကိုင်ကြပြီး ယခုနှစ်   မိုးသီးနှံစိုက်ပျိုးရာသီ၌     သီးနှံစုံ လျာထားချက်ထက်    ၁၇၉၄   ဧက   ကျော်လွန် စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။


ကျွန်းလှမြို့နယ်အတွင်းရှိ    လယ်ယာမြေများ မှာ  မိုးကောင်းသောက်ဖြစ်သော်လည်း  ချောင်း၊ မြောင်း၊  မြေအောက်ရေတင်ပြီး  သီးနှံမျိုးစုံ စိုက်ပျိုး ကြကြောင်း၊ ယခုနှစ် သီးနှံမျိုးစုံစိုက်ပျိုးရန် ၇၆၈၀၄ ဧက လျာထားပြီး ယနေ့အထိ ၇၈၅၉၈ ဧက စိုက်ပျိုး နိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး  ဒေါ်မြင့် မြင့်ရီက ပြောကြားသည်။


အဆိုပါ   မိုးရာသီစိုက်ပျိုးထားသော   သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး   ပန်းတိုင်အထွက်နှုန်း   ရရှိ စေရန်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ပိုးမွှားကျရောက်မှု  ကြိုတင်ကာကွယ်ခြင်း၊ ဓာတ် မြေဩဇာ  အချိုးကျ  အချိန်ကိုက်ထည့်သွင်းခြင်း၊ ပေါင်းမြက်ကင်းရှင်းခြင်းနှင့်   စိုက်ပျိုးရေးနည်းပညာ များ     ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။   ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၄၀၉၇ ဧက၊ ပဲမျိုးစုံ ၁၆၉၄၂ ဧက၊ ဆီထွက်သီးနှံ  ၇၂၉၈ ဧက၊ ကြံ ၅၁ ဧက၊ ဝါ လေးဧက၊ အခြားသီးနှံ ၁၈၀၇၂ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက စုစုပေါင်း ၇၈၅၉၈ ဧက စိုက် ပျိုးခဲ့ကြောင်း  သိရသည်။      

မျိုးဝင်းညို-ကျွန်းလှ