ကျွန်းလှမြို့နယ် ကန်စွန်းအင်းကျေးရွာအတွင်း အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ရန်ရောက်ရှိနေသော KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဝင်ရောက်ဖမ်းဆီး

နေပြည်တော်   ဒီဇင်ဘာ ၂၂


CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များသည်  ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် အတွက် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများနှင့် ဆရာတော်၊ သံဃာတော်များပါမကျန် လုပ်ကြံသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည့် အပြင်    အချို့ကျေးရွာများအတွင်း   ဝင်ရောက်၍ အကြမ်းဖက်အဖျက်အမှောင့်     လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသဖြင့် အများပြည်သူ အေးချမ်းတည်ငြိမ်စွာနေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ် သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။


အကြမ်းဖက်သမားများစုဝေးရောက်ရှိနေ


ထိုသို့ ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်း တွင်  စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ကန်စွန်း အင်းကျေးရွာအတွင်း    အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ စုဝေးရောက်ရှိနေကြောင်း သတင်းအရ ညနေ ၃ နာရီ မိနစ် ၅၀ ခန့်တွင် သွားရောက်၍  လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ခဲ့ရာ  လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် အကြမ်းဖက်သမားများ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီ ၁၅ မိနစ် ခန့်တွင် အကြမ်းဖက်သမားများ ကျေးရွာ၏အရှေ့ မြောက်ဘက်သို့     ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သမားအလောင်း နှစ်လောင်း၊ M-22 သေနတ် တစ်လက်၊ KO-11 သေနတ် တစ်လက်၊ တစ်တောင့်ထိုးသေနတ် ငါးလက်၊ လက်ပစ်ဗုံး ငါးလုံး၊ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ ကျည်မျိုးစုံ ၆၈၅ တောင့်နှင့် လမ်းလျှောက်စကားပြောစက်         သုံးလုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။


နယ်မြေလုံခြုံရေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်


အကြမ်းဖက်သမားများအနေဖြင့်  ကျေးရွာ အချို့အတွင်းဝင်ရောက်၍  အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်း တည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ များက  နယ်မြေလုံခြုံရေးလုပ်ငန်းများ  တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ ၏   ဝင်ထွက်သွားလာမှု  သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်ထားကြောင်း သိရသည်။


သတင်းစဉ်