KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက်ငယ်များ၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့၌ သံဃာတော် တစ်ပါးနှင့် အပြစ်မဲ့ပြည်သူ သုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိ

 

နေပြည်တော်   ဇွန်   ၂
ကရင်ပြည်နယ်   ကြာအင်းဆိပ် ကြီးမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ယနေ့နံနက်ပိုင်းတွင်     KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက် နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး Dorp Bomb များ  ကြဲချမှုကြောင့် သံဃာတော် တစ်ပါးနှင့် အပြစ်မဲ့ ပြည်သူ    သုံးဦး      သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိ ရသည်။
ဖြစ်စဉ်မှာ ကြာအင်းဆိပ်ကြီး မြို့ အမှတ်(၆)ရပ်ကွက်ရှိ  ခရိုင် ရဲတပ်ဖွဲ့မှူးရုံးအား  ယနေ့နံနက် ၅ နာရီခန့်တွင် KNLA တပ်မဟာ (၆)မှ အကြမ်းဖက်မှုကို လိုလားသူ များနှင့် PDF အမည်ခံအကြမ်းဖက် သမားများက ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၏ အရှေ့တောင်ဘက် မီတာ ၂၀၀ ခန့်အကွာ ရပ်ကွက်အတွင်းမှနေ၍ လက်နက်ကြီး/လက်နက်ငယ်များ ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် ပြီး Dorp Bomb များ ကြဲချခဲ့သဖြင့် အဆိုပါရပ်ကွက်ရှိ    ဇေတဝန် ဘုန်းတော်ကြီးကျောင်းမှ သံဃာ တော် တစ်ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ သုံးဦးသေဆုံးကာ  သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်  ဆေးကုသမှုခံယူစေ လျက်ရှိသည်။
ထိုသို့    အပြစ်မဲ့အရပ်သား ပြည်သူများနေထိုင်ရာ မြို့အတွင်း သို့ လက်နက်ကြီး/လက်နက်ငယ် များဖြင့်     ပစ်ခတ်တိုက်ခိုက်ပြီး Dorp Bomb  များ  ကြဲချခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်း ဆီးအရေးယူနိုင်ရေးနှင့် နယ်မြေ ဒေသ   တည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ က လိုအပ်သည့်လုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်