ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

 

၁။    နေပြည်တော်၊    ဒက္ခိဏသီရိမြို့နယ်၊   ရာဇသင်္ဂဟလမ်းနှင့် ရွှေပြည်တော်ဝင်လမ်းထောင့်၊  အကွက်အမှတ်(၅)တွင် ပါတီရုံးချုပ် တည်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်  ဖွံ့ဖြိုးရေးပါတီက နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ  ပုဒ်မ ၂၅ အရ  နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်ပြုရန်  ၁-၂-၂၀၂၃ ရက်နေ့ တွင်   လျှောက်ထားလာပါသည်။  ယင်းသို့  လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်  တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည် ဖြစ်ကြောင်း တင်ပြလာပါသည်။
၂။    ယင်းအဖွဲ့အစည်းက   အသုံးပြုမည့်  ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခုကြေညာသည့်နေ့မှစ၍ (၇)ရက် အတွင်း  ခိုင်လုံသော   အထောက်အထားများဖြင့်   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း၊  နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်း  နည်းဥပဒေ ၁၄ (ဃ)  အရ  အများသိစေရန် ကြေညာအပ်ပါသည်။