ကန်ကြီးထောင့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အသိပေးနှိုးဆော်

ကန်ကြီးထောင့်  ဇူလိုင်  ၁၁


ဧရာဝတီတိုင်းဒေသကြီး ကန်ကြီး ထောင့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီက မျိုးဗီဇပြောင်း ကိုဗစ်- ၁၉  ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေးအတွက်     လိုက်နာ ဆောင်ရွက်ရမည့်  ကာကွယ်ရေး နည်းလမ်းများကို အများပြည်သူ သိရှိနိုင်ရန်   လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ည  ၇ နာရီက   မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့သည်။


အဆိုပါ    အသိပေးနှိုးဆော် ချက်တွင်  “ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစကာကွယ်ပါ”     ဟူသည့် ဆောင်ပုဒ်အတိုင်း နေအိမ်ပြင်ပသို့ ထွက်လျှင် မဖြစ်မနေ နှာခေါင်း စည်းကို  စနစ်တကျတပ်ဆင်ရန်၊ လူအများနှင့်   ထိတွေ့ဆက်ဆံ ရပါက မျက်နှာအကာကို တွဲဖက် အသုံးပြုရန်၊  တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊  လူစုလူဝေး ရှိရာဒေသများကို  အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန်၊  လက်ကို စက္ကန့် ၂၀ ကြာ   မကြာခဏဆေးရန်၊ အလုံပိတ်ခန်းများ၊  အဲကွန်းခန်း များသို့ သွားရောက်ခြင်း ရှောင်ကြဉ် ရန်၊ အိမ်အပြင်သို့ မဖြစ်မနေထွက် သူများအနေဖြင့်   မိမိနေအိမ်ရှိ သက်ကြီးရွယ်အိုများ၊   ကလေး ငယ်များ၊   ဆီးချို၊ နှလုံးရောဂါရှိသူ မိသားစုဝင်များနှင့်      အနီးကပ် နေထိုင်ခြင်း၊  စားသောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက   ထုတ် ပြန်ထားသော  လုပ်ငန်းလမ်းညွှန် ချက်များနှင့်အညီ    တိကျစွာ လိုက်နာ      ဆောင်ရွက်ကြရန် စသည့်အချက်များပါဝင်ကြောင်းသိရသည်။


မြို့နယ်(ပြန်/ ဆက်)