ကန်ကြီးထောင့်မြို့ မြင်းကဆိပ်တွင် စစ်သင်္ဘောဆိုက်ကပ်ပြီး ဒေသခံလူငယ် ၄၀ ကျော်ကို စစ်မှုထမ်းရန် စီစဉ်နေကြောင်းနှင့် ပုသိမ်မြို့၊ ပုသိမ်ကြီးမြို့တို့တွင် စစ်မှုထမ်းဆောင်ရန်နှင့် ပတ်သက်၍ သတင်းအတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်   ဖေဖော်ဝါရီ  ၁၅
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီး ထောင့်မြို့        မြင်းကဆိပ်တွင် စစ်သင်္ဘော ဆိုက်ကပ်ပြီး ဒေသခံ လူငယ် ၄၀ ကျော်ကို စစ်မှုထမ်းရန် စီစဉ်နေကြောင်း    သတင်းအတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ် မမှန်လုပ်ကြံ        ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
ဖေဖော်ဝါရီ ၁၃ ရက် နံနက်  ၁၁  နာရီခန့်က ကန်ကြီးထောင့် မြို့          မြင်းကဆိပ်ကျေးရွာသို့ စစ်သင်္ဘော     ဆိုက်ကပ်ခဲ့ခြင်း  လုံးဝမရှိကြောင်းနှင့် မြင်းကဆိပ်  ကျေးရွာသည်  ဆန်စက်ကြီး ခုနစ် လုံး  တည်ရှိပြီး ဆန်၊ စပါးများကို ပုသိမ်၊ ရန်ကုန်နှင့် အခြားမြို့နယ် များသို့   သယ်ဆောင်ပေးပို့ခြင်း များအတွက်   စက်လှေ၊    သင်္ဘော များ နေ့စဉ် ဆိုက်ကပ်လျက်ရှိပြီး စည်ကားသည့်     ဆိပ်ကမ်းတစ်ခု တည်ရှိသည့် ရွာကြီးတစ်ရွာဖြစ်  ကြောင်းနှင့်     ကုန်တင်ကုန်ချ လုပ်သားများ၊ ကုန်စည်ရောင်းဝယ် ဖောက်ကားမှု  များပြားပြီး အနီး ဝန်းကျင်ကျေးရွာများမှ      ဈေး ရောင်း၊ ဈေးဝယ်များဖြင့် စည်ကား သည့်  ကျေးရွာကြီးဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။
အလားတူ ပုသိမ်တက္ကသိုလ်  ဆရာနှင့် ကျောင်းသားများ စစ်မှု ထမ်းရမည်ဟု    ပြောကြားမှုရှိခဲ့ ကြောင်းနှင့် မန္တလေးတိုင်းဒေသ ကြီး ပုသိမ်ကြီးမြို့နယ် အုန်းချော ကျေးရွာအုပ်စုမှ      ဆယ်တော် ကျေးရွာ၊ တမုတ်စိုးကျေးရွာတို့မှ လူငယ် ၃၅ ဦးအား စစ်မှုထမ်းရန် ဖမ်းဆီးခဲ့ကြောင်း ကောလာဟလ သတင်းအတု၊  သတင်းမှားများကို ပြည်သူများ ကြောက်ရွံ့ထိတ်လန့် စေရန်အတွက် ပြည်ဖျက်မီဒီယာ အချို့မှ    သွေးထိုးလှုံ့ဆော်နေ ကြောင်း     တွေ့ရှိရပြီး      လုပ်ကြံ ဖန်တီး  လိုရာရေးသား၍ ဝါဒဖြန့် နေခြင်းသာဖြစ်ကြောင်း      သိရှိ ရသည်။    
ထိုသို့ ပြည်ဖျက်မီဒီယာအချို့ ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့်  မိဘပြည်သူများ    စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့ထိတ်လန့်မှုများ မဖြစ် ပေါ်စေရန်အတွက်   ပြည်သူ့စစ်မှု ထမ်း    ဥပဒေနှင့်    ပတ်သက်၍ သိသင့်သိထိုက်သည်များကို နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှလည်း နိုင်ငံပိုင်     မီဒီယာများမှတစ်ဆင့် ရှင်းလင်း    ပြောကြားလျက်ရှိပြီး ပြည်သူများ  ထင်ယောင်ထင်မှား မဖြစ်စေရန်အတွက်       ပြည်သူ့ စစ်မှုထမ်း   ဥပဒေဆိုင်ရာသိရှိလို  သည့် အချက်များကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ရန် ဖုန်းနံပါတ် များကိုလည်း ထုတ်ပြန်ကြေညာ ပေးပြီးဖြစ်ကာ       ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း  နှင့်ပြည်သူများကို ဥပဒေမဲ့ဖမ်းဆီး သည့်    လုပ်ရပ်များ၊      လုပ်ထုံး လုပ်နည်းဥပဒေများနှင့် ညီညွတ် မှုမရှိသော လုပ်ဆောင်ခြင်းများကို ဆောင်ရွက်ခြင်း         မရှိကြောင်း သတင်းရရှိသည်။  
 သတင်းစဉ်