ကြံခင်းမြို့၌ မိုးရာသီစိုက်ပျိုးစရိတ်များထုတ်ချေးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

 

ကြံခင်း   မေ    ၁၁


မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်   ကြံခင်းမြို့နယ်  ဘဏ်ခွဲအနေဖြင့် မြို့နယ်အတွင်းမှ တောင်သူများအား ၂၀၂၂ ခုနှစ်  မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးနိုင်ရေး   ညှိနှိုင်းဆွေးနွေးပွဲကို    ယမန်နေ့က   ကြံခင်းမြို့ ဧရာဦးခန်းမ၌ ပြုလုပ်သည်။ 


ဆွေးနွေးပွဲတွင်     မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်  (ရုံးချုပ်)  မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက  အမှာစကားပြောကြားပြီး  မိုးရာသီ စိုက်ပျိုးစရိတ်    ချေးငွေထုတ်ချေးရေးနှင့် ပတ်သက်၍  သိသင့် သိထိုက်သည့်     ချေးငွေစည်းကမ်းချက်များ၊    ဆောင်ရွက်ရမည့် နည်းလမ်းများကို  အသေးစိတ်ရှင်းလင်းပြီး  တိုင်းဒေသကြီး  မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  မန်နေဂျာ  ဦးအေးသိန်းက  စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရာတွင် စည်းမျဉ်းများနှင့်အညီ  ထုတ်ချေးပေးနိုင် ရေးနှင့် ချေးငွေများ  ပြန်လည်ကောက်ခံရေးဆိုင်ရာများကို  ရှင်းလင်း ပြောကြားသည်။

 


ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်က ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီပြန်လည်ပေးသွင်းနိုင်ရေးတွင် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့်   ထပ်မံထုတ်ချေးပေးမည့် ကျေးရွာများ အတွက်    အုပ်ချုပ်ရေးအဖွဲ့များနှင့်   ချေးငွေစိစစ်ရေးအဖွဲ့များက  တောင်သူများအား  စိစစ်ချေးပေးနိုင်ရေးဆောင်ရွက်ကြရန်  ပြောကြား ပြီး  ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးများ၊   ချေးငွေစိစစ်ရေးအဖွဲ့ အတွင်းရေး မှူးများက      သိရှိလိုသည်များကို  မေးမြန်း၍   တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။                  

 

မြို့နယ်(ပြန်/ဆက်)