ကင်ညာနိုင်ငံ၌ ဒုတိယမြောက် မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားမှု တွေ့ရှိ

နိုင်ရိုဘီ   ဩဂုတ်  ၂၄
ကင်ညာနိုင်ငံ၌       ဒုတိယမြောက် မျောက်ကျောက်ရောဂါ  ကူးစက် ဖြစ်ပွားကြောင်းနှင့်    နောက်ထပ် ကူးစက်ပျံ့နှံ့မှုကို    တားဆီးရန်   အရှိန်မြှင့်စောင့်ကြည့်မှုများ  ပြုလုပ် သွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဩဂုတ် ၂၃ ရက် တွင်        ထုတ်ပြန်ကြေညာခဲ့ သည်။
ဒုတိယမြောက် မျောက်ကျောက် ရောဂါကူးစက်  ဖြစ်ပွားသူသည် ရောဂါကူးစက်မှု ဗဟိုချက်ဖြစ်သော ကွန်ဂိုဒီမိုကရက်တစ်  သမ္မတနိုင်ငံ သို့  ခရီးသွားမှတ်တမ်းရှိသည့် ခရီးဝေးထရပ်ကားယာဉ်မောင်းတွင်    တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း   ကျန်းမာ ရေးဝန်ကြီးဌာန      တာဝန်ရှိသူ ဒေဘိုရာဘာရာဆာကပြောသည်။
ရောဂါကူးစက်ဖြစ်ပွားသည့် လူနာကို        သီးသန့်ခွဲခြားထား ကြောင်း ၎င်းက ဆက်ပြောသည်။ ထို့ပြင် ဇူလိုင် ၃၁ ရက်တွင် ပထမဆုံး မျောက်ကျောက်ရောဂါ   ကူးစက် ဖြစ်ပွားကြောင်း      ကြေညာပြီး နောက်ပိုင်း   ထိတွေ့ဆက်ဆံသူ ပေါင်း ၂၈ ဦးကို  ၂၁  ရက်ကြာ စောင့်ကြပ်  ကြည့်ရှုမှုများ  ပြုလုပ် ပြီး ရောဂါလက္ခဏာများပြသခြင်း မရှိတော့သည့်အတွက်  လွတ်လပ် စွာ သွားလာခွင့်ပြုလိုက်ကြောင်း ဘာရာဆာက ပြောသည်။
လက်ရှိအချိန်အထိ   မျောက် ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှု ရှိ မရှိ စစ်ဆေးရန်အတွက် ဓာတ်ခွဲ ခန်းသို့ နမူနာ ၄၂ ခုကို ပို့ဆောင် ထားကြောင်း၊      ယင်းတို့အနက် နမူနာ ၄၀ မှာ ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိသည်ဟု          ဆို သည်။
နိုင်ငံတစ်ဝန်းရှိ        ဆိပ်ကမ်း အသီးသီးမှခရီးသွား ၄၂၆၄၃၈ ဦး ကို     ရောဂါပိုးကူးစက်ခြင်း   ရှိ မရှိ        စစ်ဆေးပြီးဖြစ်ကြောင်း ဘာရာဆာက ပြောသည်။                                                                                            
ဆင်ဟွာ