ကင်ညာမှ ကမ္ဘာ့အသက်အကြီးဆုံး မူလတန်းကျောင်းသူ အသက် ၉၉ နှစ်တွင် ကွယ်လွန်

 

နိုင်ရိုဘီ    နိုဝင်ဘာ    ၁၈ 


အသက် ၉၀ ကျော်အရွယ်အထိ  ပညာရေးကိုဆည်းပူး ရန်  သန္နိဋ္ဌာန်ချထားသည့်  ကမ္ဘာ့အသက်အကြီးဆုံး မူလတန်းကျောင်းသူ   ပရစ်ဆီလာဆိုင်တီနီသည် အသက်  ၉၉ နှစ်အရွယ်တွင် ကင်ညာနိုင်ငံ၌ ကွယ်လွန် ခဲ့ကြောင်း  မီဒီယာများတွင်  ဖော်ပြလိုက်သည်။  ၎င်း  သည်    ယူနက်စကို၏   အသိအမှတ်ပြုမှုကိုလည်း ရရှိထားပြီး   ပြင်သစ်ရုပ်ရှင်တစ်ခုကိုလည်း ဖန်တီး ဖြစ်ပေါ်စေခဲ့သည်။ 

 


သူ၏မြေး    ဆန်မီချက်ဆီရော်က   ဂိုဂိုပရစ် ဆီလာ   (အဖွားပရစ်ဆီလာ)   သည်    ရင်ဘတ်တွင် ကျန်းမာရေးပြဿနာများပေါ်လာပြီးနောက် နေအိမ် ၌ပင် နိုဝင်ဘာ ၁၆ ရက်တွင်  ကွယ်လွန်ခဲ့ကြောင်း သည်စတန်းဒက်   သတင်းစာကို    ပြောကြားလိုက် သည်။ 

 


ဂိုဂိုသည် နောက်ဆုံးအချိန်အထိ  ကျောင်းတက် ခဲ့ကြောင်း ဆန်မီချက်ဆီရော်က ပြောကြားခဲ့သည်။ 
နှစ်ပေါင်း ၁၀၀ အထိ နေထိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း၊  ဂိုဂိုသည် မိမိတို့အားလုံးကို ဂုဏ်တက်စေခဲ့ကြောင်း    ၎င်းက   ဆက်လက်ပြော ကြားခဲ့သည်။ 

 


ကျောင်းတက်ခွင့်ပြုရန်    ဒေသခံကျောင်းအုပ် ကြီးကို     ခွင့်တောင်းစဉ်က    သူမ၏အသက်သည်  ၉၄ နှစ်ဖြစ်ကြောင်း  ယူနက်စကို၏  အချက်အလက် များအရ  သိရသည်။   သူမသည်   သူမ၏ပတ်ဝန်းကျင် အတွက်      စံနမူနာပြယုဂ်တစ်ခုထက်    သာလွန် ကြောင်း၊    ကင်ညာရှိ   ငယ်ရွယ်သောမိခင်များကို ကလေးများရှိသော်လည်း     ကျောင်းပြန်တက်ရန် စိတ်ခွန်အားဖြစ်စေကြောင်း သိရသည်။


အေအက်ဖ်ပီ