ကင်ညာလယ်သမားများနှင့် ပီလောပီနံ တန်ဖိုးမြင့်ထုတ်ကုန်

 

နွယ်နီလင်း

 

ကင် ညာနိုင်ငံ အနောက်ဘက်ခြမ်း ဘူရှာဒေသရှိ  တန်ဂါကိုနာကျေးရွာသူ ကက်သရင်း  အော့တာဂါသည်   လတ်လတ်ဆတ်ဆတ်   ရိတ်သိမ်းထားသော ပီလောပီနံဥတစ်စည်းကိုကြည့်ရင်း  မျှော်လင့်ချက်များဖြင့်   ပြုံးနေသည်။  သူက  ဓားတစ်ချောင်းကို  ကောက်ကိုင်လိုက်ကာ ဖြူဖွေးနေသော ပီလောပီနံ ဥသုံးလုံး ကို အားပါပါ ခုတ်ထစ်လိုက်သည်။ 
“ဒါကို အခြောက်ခံပြီး အမှုန့်ကြိတ် လိုက်ရင်   ဂျုံမှုန့်လို  အင်မတန်ကောင်း တဲ့  ပီလောပီနံမှုန့်ရလိမ့်မယ်။ ဒါကပဲ ကြီးပွားရေး မျှော်လင့်ချက် မဟုတ်လား” ဟု အော့တာဂါက ဆိုသည်။

 


တန်ဂါကိုနာကျေးရွာ စီးပွားရေးအဖွဲ့ သည် မိုးခေါင်မှုဒဏ်ခံနိုင်သော ပီလော ပီနံဥများကို     စိုက်ပျိုးပြီး   ထုတ်ကုန် အမျိုးမျိုး    ထုတ်လုပ်ရောင်းချမှုမှ တစ်ဆင့် ဝင်ငွေရရှိနေသည်။ စီးပွားရေး  အဖွဲ့တွင် အဖွဲ့ဝင် ၅၀  ခန့်အထိပါဝင်ပြီး နယ်စပ်ဒေသအနှံ့ ဖြန့်ကြက်ထားသည်။

 


တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်ရောင်းချ


စီးပွားရေးအဖွဲ့ဝင်များသည် ပီလော ပီနံကို တစ်ဦးချင်းစိုက်ပျိုးထုတ်လုပ်ကြသော်လည်း   အဖွဲ့လိုက်  ရောင်းချသည့် အဖွဲ့အစည်း ဖြစ်သည်။ အော့တာဂါက အဆိုပါအဖွဲ့မှ   စီမံကိန်းတာဝန်ခံဖြစ်ပြီး ပီလောပီနံ   လေးဧက    (၁ ဒသမ ၆ ဟက်တာ)  ခန့်   စိုက်ပျိုးထားသည်။ စိုက်ပျိုးပြီး ၁၀ လခန့်အကြာတွင်  သီးနှံ များကို ရိတ်သိမ်းပြီးနောက် အခြောက်ခံ ကာ    တန်ဖိုးမြှင့်ထုတ်ကုန်     ပြုလုပ် ရောင်းချကြရသည်။
တန်ဖိုးမြှင့်ထုတ်ကုန်နည်းပညာကို မစတင်မီ   အစပိုင်းက  လယ်သမားများ သည်  ပီလောပီနံဥကို အစိမ်း သို့မဟုတ် ပြုတ်၍ ရောင်းချကြသည်။

 


“အခုတော့  ပီလောပီနံကို  ရေဆေး၊ အခွံခွာပြီး   အတုံးသေးသေးလေးတွေ လှီးတယ်။ နောက်ထပ်  သုံးရက်ကနေ ငါးရက်လောက်အထိ   အခြောက်လှန်း လိုက်ပြီးတော့  တစ်ခါကြိတ်ရင်   အမှုန့် ၁၀ တန်လောက်ရတဲ့အထိ စက်နဲ့ကြိတ် ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

 


ဝယ်လိုအား တက်လာ


ယင်းနောက်    ထွက်ရှိလာသည့် ပီလောပီနံအမှုန့်များကို တစ်ကီလိုလျှင် ၁၀ သျှီလင် (အမေရိကန် ဒေါ်လာ ၈ ဆင့်ခန့်)   နှုန်းဖြင့်    ရောင်းချရကြောင်း၊ နိုင်ငံအတွင်း လက်ရှိပြောင်းပြတ်လပ်မှု ကြောင့်    ဝယ်လိုအားတက်လာသည့် အတွက် ပီလောပီနံအမှုန့် စျေးပိုရလာ ကြောင်း ၎င်းက ဆိုသည်။
ကြိတ်ပြီးသွားသည့် ပီလောပီနံမှုန့် အချို့ကို ကွတ်ကီး၊ မုန့်ကြွပ်နှင့် ချာပါတီ များ ပြုလုပ်ရာတွင် အသုံးပြုပြီး အများစု ကို  မြို့တော်နိုင်ရိုဘီမှ    ထုတ်လုပ်သူ တစ်ဦးထံ ရောင်းချရသည်။ အထူးသဖြင့် ပီလောပီနံမှုန့်ကို ဆန်နှင့် ပြောင်းမှုန့်များ အား  အစားထိုးအသုံးပြုခြင်းဖြစ်သည်။

 


ယခုဆိုလျှင်  လယ်သမားအဖွဲ့ထံမှ ထွက်ရှိလာသည့်    ပီလောပီနံအမှုန့် တစ်ကီလိုလျှင် ၀ ဒသမ ၅၆ ဒေါ်လာဈေး အထိပင် ရောင်းချနေရသဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်များမှတစ်ဆင့် ဝင်ငွေပိုမိုရရှိ စေလျက်ရှိသည်။ 
အုပ်စုအတွင်းရှိ တောင်သူအများစု သည် ပြောင်းနှင့် ပီလောပီနံကို စိုက်ပျိုး လေ့ရှိသော်လည်း  မိုးခေါင်ရေရှားသည့် ရာသီဥတုဒဏ်ကို     အန်တုနေရမှုနှင့်  တန်ဖိုးမြှင့်ကုန်ထုတ်        စီမံကိန်းမှ  ဈေးကွက်ရရှိမှုတို့ကြောင့်  ပြောင်းသီးနှံ ကဲ့သို့ပင် ရာသီဥတုဒဏ်ခံသည့် ပီလော ပီနံသီးနှံကို အများအပြား စိုက်ပျိုးလာ ကြသည်။
“ပီလောပီနံ   တစ်ဧကကို   ပျမ်းမျှ ရှစ်တန်ထွက်တဲ့အတွက်  တစ်ကီလိုကို ၀ ဒသမ ၀၈ ဒေါ်လာနှုန်းနဲ့ ရောင်းရမယ် ဆိုရင်တောင် ဒေါ်လာ ၆၄၀ အထိရနိုင် ပါတယ်။ လယ်သမားတွေ ဝင်ငွေပိုရလာ တာနဲ့ အမျှ ဘဝက ပိုကောင်းလာတယ်” ဟု အော့တာဂါက ဆိုသည်။

 


ကင်ညာကမ်းရိုးတန်းဒေသ၌ တည် ရှိသည့် မွန်ဘာဆားမြို့ မြောက်ဘက်ပိုင်း မှ ဖဝါနီ အူဖာနီစီ တောင်သူလယ်သမား သမဝါယမအသင်းသည်လည်း  ပီလောပီနံတန်ဖိုးမြှင့်ထုတ်ကုန်များ၏ အကျိုး ကျေးဇူးများကို      ခံစားနေရသည်။ ၎င်းတို့၏      ပီလောပီနံတန်ဖိုးမြှင့် ထုတ်ကုန်လုပ်ငန်းကို      လယ်သမား ၁၀၀၀ ခန့်နှင့် အတူလက်တွဲလုပ်ဆောင် နေကြောင်း၊    လယ်သမားအုပ်စုသည် ပီလောပီနံမှုန့်စစ်စစ်    တစ်ကီလိုလျှင် ၀ ဒသမ ၆၇  ဒေါ်လာနှင့်    ပြောင်းနှင့် ရောစပ်ထားသော     ပီလောပီနံမှုန့် တစ်ကီလိုလျှင်   တစ်ဒေါ်လာနှုန်းဖြင့် ရောင်းချရကြောင်း  အသင်းအတွင်းရေး မှူး ကော်လီ မွမ်ဘေက ဆိုသည်။
ကင်ညာ   လယ်သမားများသည် ပီလောပီနံထုတ်လုပ်မှုကို အလေးအနက် ထားဆောင်ရွက်နေချိန်တွင် အကြီးမား ဆုံး စိန်ခေါ်မှုများထဲမှတစ်ခုမှာ ရောဂါ များထူပြောခြင်းပင်ဖြစ်သည်။

 


မျှော်လင့်ချက် ရောင်ခြည်


သို့သော် ကင်ညာနိုင်ငံမှ သိပ္ပံပညာ ရှင်များသည် ရောဂါနှစ်မျိုးဒဏ်ကို ခံနိုင် ရည်ရှိသော   မျိုးဗီဇပြုပြင်ထားသည့် (ဂျီအမ်) ပီလောပီနံမျိုးကို ထုတ်လုပ်ပေး လျက်ရှိသောကြောင့်  လယ်သမားများ အတွက် မျှော်လင့်ချက် ရောင်ခြည်သန်း လာပြီဖြစ်သည်။ ဂျီအမ် ပီလောပီနံမျိုး သည် တောင်သူများအတွက် အထွက် နှုန်း မြင့်ပြီး ဈေးကောင်းပိုရလာစေမည်ဟု မျှော်လင့်ထားကြသည်။

 


စိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆိုအရ ကင်ညာနိုင်ငံ၏ ပီလောပီနံထုတ်ကုန် များကို အနောက်ဘက်ပိုင်းဒေသမှ ၆၀ ရာခိုင်နှုန်း၊  အရှေ့ဘက်ပိုင်းဒေသမှ ၁၀ ရာခိုင်နှုန်းခန့်နှင့်  ကမ်းရိုးတန်းဒေသမှ ၃၀ ရာခိုင်နှုန်းခန့် ထွက်ရှိနေကြောင်း သိရသည်။  လက်ရှိတွင်    ပီလောပီနံ တန်ချိန် တစ်သန်းကျော် ထွက်ရှိနေပြီး အများစုမှာ ပြည်တွင်းစားသုံးမှုအတွက် ဖြစ်ကာ နှစ်စဉ် တန်ချိန် သုံးသန်းကျော် တိုးတက်ထုတ်လုပ်နိုင်မည့်    အလား အလာကောင်းများလည်း    ရှိနေပြီဖြစ် ကြောင်း သိရသည်။

 


အရေးကြီးသော အစာအရင်းအမြစ်


ကင်ညာနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် စက်မှုလုပ်ငန်းသုံးသီးနှံများ     ဖွံ့ဖြိုး တိုးတက်ရေးနှင့်       ထုတ်လုပ်မှုကို လမ်းညွှန်နိုင်ရန်အတွက် အမြစ်များနှင့် ဥစားသီးနှံထုတ်လုပ်မှုဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာကို ချမှတ်ခဲ့သည်။ အထူးသဖြင့်  ရာသီဥတုဖောက်ပြန်မှု၏ သက်ရောက်မှုကြောင့်   လူသားနှင့် တိရစ္ဆာန်များအတွက် အရေးကြီးသော အစာအရင်းအမြစ်အဖြစ် ဥစားသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးရည်မှန်း ချက်ဖြင့် မဟာဗျူဟာချမှတ်ခဲ့ခြင်းဖြစ် သည်။  ကင်ညာနိုင်ငံတွင်   ရာသီဥတု ဖောက်ပြန်မှုကြောင့် ပြောင်းနှင့်   ဆန် ထွက်ရှိမှု ကျဆင်းနေချိန်၌ ပီလောပီနံ ထုတ်လုပ်မှုကို တိုးမြှင့်ကာ စားနပ်ရိက္ခာ ဖူလုံမှုမြှင့်တင်ရေး    နည်းလမ်းတစ်ခု အဖြစ်   ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ  စီမံခန့်ခွဲရေး အရာရှိချုပ် အန်နီယာဂါက  ပြောကြား သည်။

 


စိုက်ပျိုးရေးကဏ္ဍသည်  ကင်ညာ နိုင်ငံ၏    စီးပွားရေးအခြေခံအုတ်မြစ် ဖြစ်ပြီး ပြည်တွင်း အသားတင်ထုတ်လုပ် မှုတန်ဖိုး၏ ၃၃ ရာခိုင်နှုန်းခန့်အထိ ကိုယ်စားပြု ပံ့ပိုးပေးလျက်ရှိသည်။
ကိုးကား - ဆင်ဟွာ