ကင်မရာပါတဲ့ ဖုန်းတစ်လုံးကို ငွေကျပ် ၁၀၀၀ သတ်မှတ်ကောက်ခံတာဟာ မများတဲ့ အလှူငွေလေးပါ။ ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံဖို့အတွက် ကုသိုလ်ပြုလှူဒါန်းရတာနဲ့ အတူတူပါပဲ

 

နေပြည်တော်  စက်တင်ဘာ  ၅


ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ  ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားသော ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး  ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်သည့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား  ဩဂုတ် ၈  ရက်မှစတင်၍  ရဟန်း၊  ရှင်လူအများပြည်သူတို့  အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိခဲ့သည်။  စက်တင်ဘာ ၄ ရက်တွင် ဘုရားဖူးပြည်သူများ အခမဲ့ဖူးမြော်နိုင်ပြီး ကင်မရာပါရှိသည့် လက်ကိုင်ဖုန်းများကို ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေကျပ် ၁၀၀၀ ဖြင့် ကောက်ခံ၍ ဝင်ခွင့်ပြုခဲ့ရာ လာရောက်ဖူးမြော်ကြည်ညိုကြသူများလည်း စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။


ယနေ့ အနယ်နယ်အရပ်ရပ်မှ  ဘုရားကြီးသို့     လာရောက်ဖူးမြော် သူများ၏ ပီတိစကားများ၊   အနုမော ဒနာသာဓုခေါ်သံများနှင့်    သဘော ထားအမြင်များကို   စုစည်းဖော်ပြ လိုက်ပါသည်။


ဦးဇဝန 
(ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်)


မာရဝိဇယ    ဘုရားကြီးကို ကြည်ညိုလွန်းလို့၊   ဖူးမြော်ချင် လွန်းလို့    အဝေးကြီးကနေ    လာ ရောက်ခဲ့ရတာဖြစ်ပါတယ်။ ဘုရား ကြီးက    အလွန်ပဲသပ္ပာယ်သလို အင်မတန်မှလည်း ကြည်ညိုဖွယ် ကောင်းပါတယ်။ ဘုရားကြီးတည် ထားဖို့ ဦးဆောင်ခဲ့တဲ့ ဘုရားဒကာ ကလည်း     အချိန်တိုအတွင်းမှာ စွမ်းစွမ်းတမံနဲ့    ကြိုးစားခဲ့တာ တွေကိုလည်း       မျက်ဝါးထင်ထင် တွေ့မြင်နေရပါတယ်။ ၂၄ ပစ္စည်း ကို   ဂန္ဓကုဋီတိုက်   ၂၄ တိုက်နဲ့ တစ်ခုချင်း သေသေချာချာအနုစိတ် ပြီး   အကြောင်းအကျိုးဆက်စပ် ပြထားတာတွေ၊ ဇာတ်တော်တွေ တစ်ခုနဲ့တစ်ခု    ချိတ်ဆက်ပြထား တာတွေကို   တစ်နေရာမှ  မတွေ့ ဖူးသေးတဲ့   စကျင်ကျောက်တွေ နဲ့      တည်ဆောက်ထားတာအပြင်   မြန်မာမှုလက်ရာတွေ၊     အင်ဂျင် နီယာ    စွမ်းပကားတွေကလည်းပဲ       အံ့ဩမှင်တက်စေပါတယ်။  


ဦးဘိုတောက်  
(လယ်ဝေးမြို့နယ်၊ အေးချမ်းသာ 
ကျေးရွာ)


ဘုရားကြီးပရိဝုဏ်ထဲ ဝင်ဝင် ချင်း      မာရဝိဇယဘုရားကြီးရဲ့ ရင်ပြင်တော်ပေါ်ကို   အရင်တက် ရောက်ပြီး   ဘုရားကြီးကို  ဖူးမြော် ပါတယ်။     အချိန်ပေးပြီးတော့ ဖူးမြော်ဖြစ်ပါတယ်။ ဘုရားကြီးဖူး လို့     အားရကျေနပ်မှ     ဂန္ဓကုဋီ တိုက်တွေကို    လေ့လာပါတယ်။ ဂန္ဓကုဋီတိုက်အတွင်း   ဝင်လိုက်တဲ့ အခါ   အေးအေးချမ်းချမ်းနဲ့ စကျင် ကျောက်တွေရဲ့  ဂုဏ်သတ္တိကို ပိုမို သိရှိလာပါတယ်။   ဇာတ်နိပါတ် တော်တွေ လေ့လာတဲ့အခါ ဗဟု သုတတွေအများကြီး ရရှိခဲ့ပါတယ်။ 


မလှိုင်  (ပျော်ဘွယ်မြို့နယ်)


ကျွန်မတို့      အားလုံးပေါင်း ၂၃ယောက်နဲ့ မာရဝိဇယဘုရား ကြီးကို လာရောက်ဖူးမြော်ကြတာ ပါ။ ဘုရားကြီးက အခမဲ့ဝင်ခွင့်ပြုပါ တယ်။    ကင်မရာပါတဲ့     ဖုန်း တစ်လုံးကို   ငွေကျပ်    ၁၀၀၀ သတ်မှတ်ထားပါတယ်။ ငွေကျပ် ၁၀၀၀ ဆိုတာ  မများတဲ့  အလှူငွေ ပါ။ ဘုရားကြီးရဲ့ ဘက်စုံ ပြုပြင် မွမ်းမံဖို့အတွက်     ကုသိုလ်ပြု လှူဒါန်းရတာနဲ့      အတူတူပါပဲ။ ဘုရားကြီးကို   ကြည်ညိုလွန်းလို့၊ ဖူးမြော်ချင်လွန်းလို့     အဝေးကြီး ကနေ   ငွေကြေးအကုန်အကျခံပြီး လာခဲ့ရတာသေးတာ    ဒီအလှူ ငွေကျပ်    ၁၀၀၀ ဆိုတာ  မများတဲ့ အလှူငွေလေးပါ။   ဘုရားကြီးကို လာရောက်ဖူးမြော်ကြတဲ့ ပြည်သူ တွေအနေနဲ့  မတော်တဆ အမှိုက် ကျန်ခဲ့တာတွေကို အမြဲသန့်ရှင်း အောင် သန့်ရှင်းရေးဝန်ထမ်းတွေ အနေနဲ့ အမှိုက်တွေကို စနစ်တကျ နဲ့       အမြဲသန့်ရှင်းနေအောင် မနားတမ်း  ဆောင်ရွက်နေကြတာ လည်း   တွေ့ရပါတယ်။   ဒါတွေကို လုပ်ခလစာထောက်ပံ့နိုင်ဖို့   ဒီလို အလှူငွေလေးတွေက အကျိုးပြု နိုင်မယ်လို့    ထင်မြင်မိပါတယ်။ ဒီအတွက်ကြောင့်လည်း ကင်မရာ ပါတဲ့ဖုန်းတစ်လုံးကို   အလှူငွေ ကျပ် ၁၀၀၀ ဆိုတာ   ဖြစ်သင့်ပါ တယ်။  ဘုရားကြီးကို နောက်ထပ် တစ်ကြိမ်မက လာရောက်ဖူးမြော် ပါဦးမယ်။ စိတ်နှလုံးအေးချမ်းမှု တွေ ရရှိခံစားရပါတယ်။  ကျွန်မ လိုပဲ     ထပ်တူခံစားစေချင်တဲ့ အတွက် ဘုရားကြီးကို လာရောက် ဖူးမြော်ကြည်ညိုကြပါလို့   တိုက် တွန်းနှိုးဆော်လိုက်ပါတယ်။


ဟိန်းထက်ဇော် (မြန်မာ့အလင်း)
ဓာတ်ပုံ- အိမ့်ဘီလီယံမောင်